ရွှေဖီမြေ၊ အောက်တိုဘာ ၁၈ ရက်၊ ကျောက်မဲ
ကျောက်မဲ-မိုင်းငေါ့ လမ်းမပေါ်ရှိ (၁၁)မိုင်ရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ စေတီပုထိုးတွေ ထိမှန်ပျက်စီးခဲ့ပြီး ဘုန်းကြီး ၁ပါးလည်း ထိခိုက်ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ နမ့်ဆန်၊နောင်ချိုမြို့နယ်တွေကို ဗုံးကြဲခဲ့ပြီးနောက် တစ်ပြိုင်နက် ၈နာရီ ၄၀မိနစ်ခန့်မှာ အဲကျောက်မဲနယ်ကို ပေါင် ၅၀၀ဗုံးနဲ့ ကြဲချတိုက်ခိုက်သွားခဲ့တာ ဖြစ်ပါတယ်။
နမ့်ဆန်နယ် ကွယ်ဟယ်ရွာ တိုက်ခိုက်ခံရမှုမှာတော့ ၃ဦးသေဆုံးပြိး အနည်းဆုံး ၇ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အခုညအတွင်း စစ်ကောင်စီဘက်က ရှမ်းမြောက်ရှိ နေရာ ၃ခုထက်မနည်းကို တစ်ပြိုက်နက် ဗုံးကြဲတိုက်ခိုက်သွားခဲ့တာဖြစ်ပြီး အခြားဗုံးကြဲတိုက်ခိုက်ခံရမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။