ဓာတ်ပုံ- CJ

ပို့လဘား၊ ဧပြီ ၅ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အရာရှိတစ်ဦးက ထင်း ကောက်နေတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီ ၅ ရက် မနက် ၉ နာရီက မူဆယ်မြို့မှာ‌ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ဦးအိုက်ဝေါဝ်ဆိုတဲ့ အမျိုးသားတစ်ဦးဟာ စစ်တပ်ရဲ့ စစ်မှုထမ်း ရုံးဟောင်းနဲ့ ကြံ့ခိုင်ရေးရုံးအနီးမှာ ထင်း သွားကောက်တာပဲ ဖြစ်ပါတယ်။

“သူအဲမှာ ထင်းကောက်ဖို့ လုံခြုံရေး စောင့်နေတဲ့ ပြည်သူ့စစ်ဝင်တစ်ဦးဆီ ခွင့်တောင်းတယ်။ အဲဒီလုံခြုံရေး စောင့်ပေးတဲ့သူက ခွင့်ပြုလို့ သူက ထင်း သွားကောက်တာ။ သူတို့ရဲ့ အထက်လူကြီးတစ်ယောက်ရောက်လာပြီးတော့ သူ့ကို ဖမ်းထားပြီး ရိုက်နှက်တယ်။ ရင်ဘက်ကို ၅ ချက် ကန်တယ်။ မျက်နှာ ၄ ချက် ထိုးတယ်။ သေနတ်နဲ့လည်း ထုထောင်းတယ်။ လူကို မှောက်ခိုင်းပြီး ကြိုးတုပ်တယ်။ ဦးခေါင်းကို ၄ ချက် ရိုက်နှက်ပြီး ခြုံထဲမှာ ပစ်ထားလိုက်တယ်။ သူအခုလမ်းတောင် မလျှောက်နိုင်တော့ဘူး”

အဆိုပါ အမျိုးသားကို ပြည်သူ့စစ်အရာရှိတစ်ဦးက ၎င်းကို သတိလစ်သွားတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ၎င်းအမျိုးသားက ပြောပါတယ်။

ရိုက်ခံရတဲ့ အမျိုးသားဟာ မူဆယ်မြို့မှာ နေထိုင်ပြီး ဝင်ငွေ ရဖို့အတွက် ထင်း‌တွေ လိုက်ကောက်နေတာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်မှာ မူဆယ် လဝက အရာရှိတစ်ဦးက အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း မူးလဲတဲ့အထိ ရိုက်နှက်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။