ခိုင်လေး၊ မတ်လ ၁၉ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပြည်သူ့စစ်အချင်းချင်းကြား ကားခိုးမှုဖြစ်ပွားပြီး ကားခိုးတဲ့ ပြည်သူ့စစ်နှစ်ဦးကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တချို့က ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့တုန်းက မင်္ဂလာမူဆယ်အနီးမှာ ဖမ်းဆီးရိုက်နှက်ခံခဲ့ရတဲ့ ပြည်သူ့စစ် ၂ ဦးက ပြည်သူ့စစ်တပ်ဖွဲ့အရာရှိတစ်ဦးရဲ့ ဖုန်းနဲ့ကားကို ခိုးယူသွားတာ ဖြစ်ပါတယ်။

“သူတို့ အချင်းချင်းဘဲ။ ပြည်သူ့စစ် အရာရှိရဲ့ ဖုန်းနဲ့ကား ခိုးသွားတာ။ မနေ့က ခိုးတဲ့သူ နှစ်ယောက်ထဲက တစ်ယောက်ကို ပစ်သတ်လိုက်ပြီ။ နှစ်ယောက်လုံးအသက်က ငယ်သေးတယ်။ ၁၆၊ ၁၇ လောက်ဘဲရှိမယ် ထင်တယ်” လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကားခိုးတယ်ဆိုတဲ့ ပြည်သူ့စစ်တပ်ဖွဲ့နှစ်ဦးဟာ မူဆယ်မြို့ထဲမှာ လှုပ်ရှားနေတဲ့ ဘယ်ပြည်သူ့စစ်တပ်ဖွဲ့အောက်က တပ်သားတွေဆိုတာတော့ မသိရဘူးလို့ နောက်ထပ်အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။

၎င်းက “ကားနဲ့ ဖုန်းပျောက်သွားတာ။ သူတို့(ပြည်သူ့စစ်)က လိုက်ရှာတော့ ကားဘဲတွေ့တာ။ တွေ့တဲ့ အချိန်တောင်မှ ကားနံပါတ်ပြောင်းထားပြီ”လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ပြည်သူ့စစ်တပ်ဖွဲ့အများစုက မူဆယ်မြို့ထဲကို ပြောင်းရွေ့လာကြပြီး လက်ရှိ မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်း (၃၀) ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့အများအပြားရှိနေတဲ့ မူဆယ်မြို့မှာ တရားဥပဒေစိုးမိုးရေး အားနည်းသလို အခုလို ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။