ယာရူစိင်၊ မတ်လ ၁၇ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့က နမ့်ပေါ်ချောင်းထဲမှာ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အသက် ၄၀ ဝန်းကျင်ရှိတဲ့ ပုပ်ပွနေတဲ့ အဲဒီအမျိုးသားအလောင်းကို မနေ့ မတ်လ ၁၆ ရက်မှာ တွေ့ရှိခဲ့တာလို့ မူဆယ်မြို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သူ့အလောင်းက အရမ်းပုပ်နေပြီ။ အဲအလောင်းက သေတာ အတော်လေးကြာပြီထင်တယ်။ အသက်ကလည်း ၄၀ ဝန်းကျင်အရွယ်ပဲ ရှိမယ်”
အဲဒီအမျိုးသားအလောင်း တွေ့ရှိခဲ့တဲ့ နေရာအနီးတစ်ဝိုက်မှာ ဆေးသမားတွေ ဆေးလာသုံးကြတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
မူဆယ်မြို့မှာ မူးယစ်ဆေး သုံးစွဲရင်း လမ်းဘေးတွေမှာ သေဆုံးသွားတဲ့ ပိုင်ရှင်မဲ့ အလောင်းတွေလည်း မကြာခဏ တွေ့ရှိရပါတယ်။