ဓာတ်ပုံ – CJ

ယာရူစိင်၊ ဖေဖော်ဝါရီ ၁၁ ရက်၊ မူဆယ်

စစ်တပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ မူးယစ်ဆေး သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ နမ့်ဖတ်ကာ ပြည်သူ့စစ်က ပစ်ခတ်လို့ သေဆုံးသွားခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၉ ရက် မနက်အစောပိုင်းက ကားမောင်းလာတဲ့ အမျိုးသားတစ်ဦးဟာ လမ်းမှာ စောင့်ဆိုင်းစစ်ဆေးနေတဲ့ ပြည်သူ့စစ်နဲ့ ထိပ်တိုက်တွေ့ပြီး အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရာ မူးယစ်ဆေး သယ်ဆောင်တဲ့ အမျိုးသား သေဆုံးသွားခဲ့တာလို့ မြေပြင်အခြေအနေ သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဲဒီသေ‌သွားတဲ့ အမျိုးသားလဲ သေနတ် ပါတယ်။ သူ့ကို ရပ်ဖို့ တားတော့ သူမရပ်ပေးဘူး။ အဲဒါကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသွားတယ်။ သူကတော့ ပွဲချင်းပြီး သေသွားတယ်”

ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ဦးသန်းထွေးအောင်ခေါ် ရှောင်ဖောင်းဆိုသူ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

နောက်ထပ် သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “သေဆုံးသွားတဲ့ အဲဒီအမျိုးသားက ဖုန်းဆိုင်တစ်ဆိုင်မှာ မန်နေဂျာ ရာထူးနေရာမှာ အလုပ် လုပ်တဲ့သူတစ်ယောက်လို့တော့ ကြားမိတယ်။ သူ့ကားပေါ်မှာ ပြည်သူ့စစ်က ပြန်စစ်ဆေးတဲ့အချိန်မှာ မူးယစ်ဆေးဝါးနဲ့ သေနတ်တွေ တွေ့တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၃ နာရီမှာ မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်း ကင်းလှည့်နေတဲ့ စစ်တပ် လက်အောက်ခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိ လက်နက်ကိုင်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်း ပိုများလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။