ဓာတ်ပုံ – Local

လွေးထွေး၊ ဖေဖော်ဝါရီ ၁၆ ရက်၊ မူဆယ်

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ စစ်တပ်က တရုတ်ပြည်ထဲဝင်ဖို့သွားတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ငွေ ၃ သိန်း တောင်းယူခဲ့တယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူ အမျိုးသားနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မနေ့ ဖေဖာ်ဝါရီ ၁၅ ရက် နမ့်ခမ်းမြို့နယ်က အမျိုးသားတစ်ဦးဟာ တရုတ်ပြည်ထဲဝင်ဖို့သွားချိန် တရုတ်ရဲက ၎င်းအမျိုးသားကို ဆီးစစ်ချိန် ဆီးအောင်တာကြောင့် မြန်မာဘက် ပြန်ပို့ရာ စစ်တပ်က ၎င်းအမျိုးသားကို မျက်နှာပိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

၎င်းအမျိုးသားနဲ့ နီးစပ်သူ အမျိုးသမီးက “သူ့ကို ကောင်းကောင်း ပြန်ပို့လို့ရတာကို အခုက မျက်နှာပိတ် ခေါ်သွားတာ။ ပိုက်ဆံလည်း မရမက တောင်းသေးတယ်။ အခုတော့ ပြန်လွှတ်လာပြီ။ နောက်လူတွေ ထပ်မကြုံရအောင် သတိနဲ့ သွားလာကြဖို့ပါ” လို့ ပြောပါတယ်။

စစ်တပ်ဟာ အသက် ၂၀ ဝန်းကျင်အရွယ် ၎င်းအမျိုးသားကို တစ်ည ဖမ်းဆီးခဲ့ပြီး ငွေတောင်းခဲ့ပေမဲ့ ဖမ်းဆီးခံရသူ အမျိုးသားဟာ ငွေ ၃ သိန်း မပေးနိုင်တာကြောင့် ပါလာတဲ့ ဆေးလိပ်တစ်ဘူးနဲ့ တရုတ်ငွေ ယွမ် ၁၀၀ သာ ပေးခဲ့ကြောင်း သူမက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း တရုတ်နိုင်ငံဘက် အလုပ်လုပ်ဖို့ သွားကြမယ့် အသက် ၂၇ နှစ်အောက် အမျိုးသမီးနဲ့ ၃၅ နှစ်အောက် အမျိုးသားကို မူဆယ်ဘက်ခြမ်းမှာ စစ်ကောင်စီက ထွက်ခွာခွင့် ကန့်သတ်ခဲ့ပြီး စစ်မှုထမ်းစရာ မလိုကြောင်း သက်ဆိုင်ရာ ထောက်ခံစာပါမှ သွားခွင့်ပြုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့မှာ စစ်တပ်က မကြာခဏ အရပ်သားကို စစ်ဆေးဖမ်းဆီးပြီး ငွေတောင်းတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားနေသလို ပြည်သူ့စစ်ပေါင်းစုံ ရှိနေတာကြောင့် ဒေသခံတွေ ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်လည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။