ဓာတ်ပုံ – Local

မိုင်းရူပ၊ မေလ ၂၈ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူတစ်ဦးထံ ရဲဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားက ဆိုင်ကယ်လုယက်သွားခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားတဲ့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မေလ ၂၈ ရက် မနက်ပိုင်းမှာ လားရှိုးမြို့ ရပ်ကွက်-၁၂ရှိ အဝေယျာလမ်းသွယ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို ရဲဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားက စစ်ဆေးမေးမြန်းမယ်ဆိုပြီး ဆိုင်ကယ်လုယက်သွားတာ ဖြစ်ပါတယ်။

“မန်ဆူလမ်းကြား အဝေယျာလမ်းသွယ်မှာ ဖြစ်သွားတာပါ။ ရဲအသွင်ဆောင်ပြီး ဓားပြတိုက်တဲ့ ပုံစံပဲ” လို့ ဖြစ်စဥ်ကို သိရှိထားတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ လားရှိုးမြို့မှာ ဌာနဆိုင်ရာတွေလည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပေမဲ့ မကြာခဏဖြစ်ပွားနေတဲ့ လုယက်မှု၊ ခိုးမှုနဲ့ ဓားပြတိုက်မှုစတဲ့ ဒုစရိုက်မှုတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနိုင်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်မှာလည်း လားရှိုးမြို့ ရပ်ကွက်-၇ ရှိ ဖုန်းအပေါင်ဆိုင်တစ်ခုမှာ ဓားပြတိုက်ခံရပြီး ဆိုင်အတွင်းရှိ ဖုန်းနဲ့ လက်ဝတ်ရတနာတချို့ ပါသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်မှာလည်း လားရှိုးမြို့ မန်ဆူကျောင်းအနီး ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ပြီး ဓားပြတိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ မေလ ၂၈ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှု၊ လုယက်မှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက်ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် ထွက်ခွာခဲ့ရပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။