ယာရူစိင်၊ မတ်လ ၂၅ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ အမျိုးသားတစ်ဦးကို အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားပြီး တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မတ်လ ၂၄ ရက် ၁၀ နာရီခွဲခန့်က မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ ဆိုင်ကယ် မောင်းလာတဲ့ အမျိုးသားတစ်ဦးကို ကားမောင်းလာတဲ့ အမျိုးသား ၃ ဦးက ဆိုင်ကယ်ပေါ်က‌‌နေ ဆွဲချပြီး ပြန်ပေးဆွဲသွားတယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အဲသုံးယောက်က မျက်နှာဖုံးတော့ တပ်ထားတယ်ဗျ။ ကားပေါ်မှာလည်း နောက်တစ်ယောက် ရှိသေးတယ်။ သူတို့ သုံးယောက်တည်း မဟုတ်ဘူးဗျ။ ကောင်းမှုရပ်ကွက်မှာကျ လူအသွားအလာက သိပ်မများဘူးဗျ”

မူဆယ်မြို့မှာ တစ်ပတ်ကျော်အတွင်း လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားနေတာဟာ ကိစ္စအသေးအမွှားသာ ဖြစ်တယ်လို့ နောက်ထပ် မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အခုကိစ္စက ပြန်ပေးဆွဲခံရတာနော်။ ပြီးရင် ဘာအသံမှ မကြားရတော့ဘူး။ ပြန်ပေးဆွဲခံရတဲ့သူက ဘယ်‌ရပ်ကွက်မှာနေလဲ ဘယ်သူလဲဆိုတာမျိုးလည်း သိရမှာ မဟုတ်တော့ဘူး။ ဘာလို့ဆို မူဆယ်မြို့ရဲ့ အခြေအနေက ကိုယ်ဖြစ်ကိုယ်ခံပေါ့နော်”

မူဆယ်မြို့မှာ လူသတ်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လုယက်မှု မကြာခဏ ဖြစ်ပွားပေမဲ့ ဘယ်အမှုကိုမှ သက်ဆိုင်ရာက ဖော်ထုတ်နိုင်ခဲ့တာ မရှိဘူးလို့ နောက်ထပ် မူဆယ်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

“မူဆယ်မှာက ပိုင်ရှင်မဲ့ အလောင်းလည်း မကြာခဏ တွေ့နေရတယ်။ လူသေလဲ ဘာသတင်းမှ မကြားရဘူး ဒီအတိုင်း ဘာမှမဖြစ်သလို ပြီးသွားတယ်။ မူဆယ်မြို့ရဲ့ အခြေအနေက အတော်လေး ဆိုးလာတယ်။ ကြောက်စရာကောင်းတဲ့မြို့ ဖြစ်နေပါပြီ”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ‌နဲ့ လောင်းကစားဝိုင်းဟာ အရင်ကထက် များလာပြီး ခိုးဆိုးလုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေတဲ့ နယ်စပ်မြို့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။