ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ မေလ ၂၈ ရက်၊ မူဆယ်

တရုတ်-မြန်မာ နယ်စပ် ရှမ်းမြောက် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား တစ်ဦးကို တအာင်းတပ် – TNLA တပ်သားလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်ခဲ့တယ်လို့ ဖြစ်စဉ်တွေ့ခဲ့သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ မနေ့ မေလ ၂၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ‌မူဆယ် လှိုဏ်ဂူဘုရားမှာ စစ်ကောင်စီတပ် ၁၀ ဦးခန့်က အမျိုးသားတစ်ဦးကို ဝိုင်းရိုက်တာလို့ ဆိုပါတယ်။

“မနေ့က စစ်သား ၁၀ ယောက်နဲ့ ပလောင်လူငယ်တစ်ယောက်ကို ဝိုင်းရိုက်နှက်နေတာ။ ပလောင်စစ်သားဆိုပြီး စွပ်စွဲတာလေ။ ကြောက်လို့ ပုံရော ဗီဒီရိုရော မရိုက်ရဲဘူး။ ကိုယ်တိုင်မြင်ခဲ့တာ။ တချို့က ဝါးလုံးတွေနဲ့ ထင်းလုံး တချို့က ကြိုးတွေနဲ့ ဝိုင်းရိုက်ကြတာ” လို့ ပြောပါတယ်။

ရိုက်နှက်ခံရသူ အမျိုးသားဟာ အသက် ၂၂ နှစ် မိုင်းညီ ဆိုသူဖြစ်ပြီး ရိုက်နှက်ခံရတဲ့အပြင် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အထက်ပါ ၎င်းဆီက သိရပါတယ်။

စစ်‌ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်းဟာ အရင်ကထက် ပိုများလာပြီး နေ့စဉ်လိုလို ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားနေ‌ပေမဲ့ တရားခံတွေကို ဖမ်းဆီးနိုင်တာ မရှိသလို အမှုတိုင်းမှာလည်း အများစုက လက်နက်ကိုင်ဆောင်ထားကြတဲ့သူတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။