ယာရူစိင်၊ မတ်လ ၁၈ ရက်၊ နောင်ချို

ရှမ်းမြောက် တန့်ယန်းမြို့မှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ်ရှိတဲ့ မောင်ညီညီအောင်ဆိုသူဟာ နောင်ချိုမြို့ထဲမှာ ၁ လကျော်ကြာတဲ့အထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်မှာ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို သွားဖို့ တန့်ယန်းကနေ ထွက်သွားခဲ့ရာ နောင်ချိုမြို့အနီးတစ်ဝိုက်မှာ ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။

“၄ ရက်နေ့တုန်းက သူလားရှိုးမှာ တစ်ညအိပ်သေးတယ်။ ၅ ရက်နေ့ နေ့လယ်အချိန်မှာ နောင်ချိုမြို့ သံဖိုးရွာကို ရောက်တယ်လို့တော့ ပြောပါတယ်။ နောက်တစ်ခါ ဖုန်းပြန်ဆက်ကြည့်တော့ စကားဝဲ‌တဲ့ လူတစ်ယောက်ကိုင်တယ်။ ဖုန်းကို သူ့ဆီ ၃ သောင်းနဲ့ ရောင်းသွားပြီတဲ့။ ပြီးတော့ ဖုန်းကို ချလိုက်တယ်။ ဖုန်းထပ်ခေါ်လည်း မကိုင်တော့ဘူး။ အဲဒီနောက်စပြီး အဆက်အသွယ်မရတော့ဘူး” လို့‌ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် အဆက်အသွယ်ပြတ်တောက်နေတဲ့ မောင်ညီညီအောင်အတွက် မိသားစုဝင်တွေက စိတ်ပူနေပြီး သူ့ကိုတွေ့ရှိသူတွေအနေနဲ့လည်း မိသားစုထံ ဆက်သွယ်အကြောင်းကြားလာပေးဖို့ကို တောင်းဆိုထားပါတယ်။

နောင်ချိုမြို့နဲ့ ပြင်ဦးလွင်မြို့ကြားမှာ အခုလို လူပျောက်တာတွေ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကားသမား ၂ ဦးနဲ့ မတ်လ ၆ ရက်မှာ အမျိုးသား ၁ ဦးတို့လည်း လက်ရှိအချိန်အထိ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။