လွေးထွေး၊ မတ်လ ၁၀ ရက်၊ နမ္မတူ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ ရပ်ကွက် (၃) နေ အမျိုးသားတစ်ဦးက ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ ‌တစ်ပတ်ကျော်ကြာတဲ့အထိ ပျောက်ဆုံးနေပြီး မိသားစုနဲ့အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက် ညနေ ၃ နာရီ ဝန်းကျင်မှာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နဲ့ ရှမ်းမြောက် နောင်ချိုမြို့ကြားက ဝက်ဝံဂိတ်အနီးမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသမီးက “သူက မန္တလေးကနေ ဆိုင်ကယ်နဲ့ တစ်ယောက်ထဲ ပြန်လာတာ။ သူ့အမေနဲ့ ဝက်ဝံဂိတ်ရောက်ခါနီး စကားပြောသေးတယ်။ အဲနောက်မှာ ဖုန်းခေါ်တော့ သူမဟုတ်တဲ့ တခြားတစ်ယောက်က ကိုင်တာ။ သူမရှိဘူးလို့ဘဲ ပြောတာ။ အဲဒီနောက် ဒီနေ့အထိ လုံးဝဆက်မရတော့ဘူး” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

ပျောက်ဆုံးသွားသူအမျိုးသားဟာ အသက် (၃၅) နှစ်အရွယ် စိုင်းလောဝ်ဦး (ခ) စိုင်းအွတ်ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၇) ရက်ကတည်းက မန္တလေးမြို့သို့ အလုပ်ကိစ္စနဲ့ သွားခဲ့ရာကနေ အပြန်မှာပဲ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူဖြစ်စဉ်မျိုးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၄) ရက်ကလည်း နောင်ချိုမြို့နယ် ခက်ချန်ရွာကနေ သုံးဆယ်ရွာဘက်ကိုသွားတဲ့ ကားသမား ၂ ဦးက ပျောက်ဆုံးသွားခဲ့ဖူးပါတယ်။

ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ စစ်ကောင်စီတပ်အပြင်၊ TNLA နဲ့ ပူးပေါင်းတပ်တွေလည်း သွားလာနေတာဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။