လွေးထွေး၊ မတ်လ ၁၀ ရက်၊ နမ္မတူ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ ရပ်ကွက် (၃) နေ အမျိုးသားတစ်ဦးက ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ ‌တစ်ပတ်ကျော်ကြာတဲ့အထိ ပျောက်ဆုံးနေပြီး မိသားစုနဲ့အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက် ညနေ ၃ နာရီ ဝန်းကျင်မှာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နဲ့ ရှမ်းမြောက် နောင်ချိုမြို့ကြားက ဝက်ဝံဂိတ်အနီးမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသမီးက “သူက မန္တလေးကနေ ဆိုင်ကယ်နဲ့ တစ်ယောက်ထဲ ပြန်လာတာ။ သူ့အမေနဲ့ ဝက်ဝံဂိတ်ရောက်ခါနီး စကားပြောသေးတယ်။ အဲနောက်မှာ ဖုန်းခေါ်တော့ သူမဟုတ်တဲ့ တခြားတစ်ယောက်က ကိုင်တာ။ သူမရှိဘူးလို့ဘဲ ပြောတာ။ အဲဒီနောက် ဒီနေ့အထိ လုံးဝဆက်မရတော့ဘူး” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

ပျောက်ဆုံးသွားသူအမျိုးသားဟာ အသက် (၃၅) နှစ်အရွယ် စိုင်းလောဝ်ဦး (ခ) စိုင်းအွတ်ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၇) ရက်ကတည်းက မန္တလေးမြို့သို့ အလုပ်ကိစ္စနဲ့ သွားခဲ့ရာကနေ အပြန်မှာပဲ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူဖြစ်စဉ်မျိုးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၄) ရက်ကလည်း နောင်ချိုမြို့နယ် ခက်ချန်ရွာကနေ သုံးဆယ်ရွာဘက်ကိုသွားတဲ့ ကားသမား ၂ ဦးက ပျောက်ဆုံးသွားခဲ့ဖူးပါတယ်။

ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ စစ်ကောင်စီတပ်အပြင်၊ TNLA နဲ့ ပူးပေါင်းတပ်တွေလည်း သွားလာနေတာဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။