ရူပ်ရာင်- CJ

ယာရူစိင်၊ မေလ ၃၀ ရက်၊ ကျောက်မဲ

ကျောက်မဲမြို့နယ် တော့ဆန်အုပ်စု ကုန်းသာရွာသစ်(ကဒေဲင်လိုင်းကျေးရွာ) မှာ ရွှေတူးရာကနေ မြေစာပြိုလို့ အမျိုးသား တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက် ညနေ ၃ နာရီခွဲအချိန်မှာ ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာနဲ့ နီးစပ်တဲ့ ဆန်ခမ်း လို့ခေါ်တဲ့ ရွှေတူးဖော်တဲ့‌နေရာမှာ ရွှေတူးပြီး ခဏအနားယူနေစဉ်မှာ အပေါ်ကနေ မြေစာပြိုကျလို့ သေဆုံးသွားတာဘဲ ဖြစ်ပါတယ်။

“သူက နေ့တိုင်းရွှေသွားတူးတယ်။ ဥပုဒ်နေ့ တစ်ရက်ဘဲ အလုပ်နားတာ။ ရွှေတူးတဲ့နေရာက အဲဒီရွှေတွင်းက ပိုင်ရှင်တွေ တူးပြီးတဲ့နေရာတွေမှာ သူတို့နှစ်ယောက်က ပြန်လိုက်ရှာတယ် လိုက်တူးတယ်‌ပေါ့။ ဖြစ်ချင်တော့ အဲနေ့ ရွှေသွားတူးတဲ့နေ့က သူတို့နှစ်ယောက်တည်းဘဲ သွားတာ။ ရွှေတွေ သွားတူးပြီး နားနေချိန်မှာ သူခဏနားလိုက်တာပါ။ အပေါ်ကနေ မြေပြိုကျပြီး သူ့ကိုမြေတွေ ပိလိုက်တာ။ သူ့သူငယ်ချင်းက သူသောက်ဖို့‌ ရေသွားခပ်နေတဲ့အချိန်ဖြစ်နေတာ။ ရေခပ်လို့ ပြန်လာတော့ သူ့ခန္ဓာကိုယ်က မြေအောက်ရောက်နေပြီ။ အပေါ်ကကျလာတဲ့ မြေစာတွေမှာ ကျောက်ခဲတွေလည်းပါတော့ သူ့ခေါင်းကို ဖိတော့ ခေါင်းတောင်ပြားသွားတယ်။ လက်နဲ့ ပေါင်တွေလဲ အကုန်ကျိုးသွားတယ်။ အဲနေရာမှာတင် သူ အသက်မရှိတော့ဘူး”

မြေစာပိလို့ သေဆုံးသွားခဲ့တဲ့ အမျိုးသားဟာ အသက် ၅၅ နှစ်အရွယ်ရှိတဲ့ တာကန်ဟိန်း(တာကွန်မိုလောဝ်) ဟာ ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာမှာ နေထိုင်သူဖြစ်ကြောင်း သိရပါတယ်။

၎င်းအမျိုးသားဟာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းကော်မတီတာဝန်၊ လူငယ်ခေါင်းဆောင်တာဝန်၊ အလှူအဒါန်းပြုတဲ့နေရာမှာ ပန်းတကာတာဝန်၊ စာသင်ကျောင်းကော်မတီတာဝန်နဲ့ ကျေးရွာရဲ့အဓိပတိတာဝန်တွေအပြင် တခြားတာဝန်တွေကို ထမ်းဆောင်တဲ့‌သူဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။