လွေးလာဝ်ဇာရ်၊ ဧပြီ ၂၂ ရက်၊ နမ္မတူ

တအာင်းတပ်မတော် ထိန်းချုပ်ဒေသဖြစ်တဲ့ နမ္မတူမြို့ သတလ ၄ က အမျိုးသားတစ်ဦး ရေကူးရင်း ရေနစ်ပြီး သေဆုံးခဲ့တယ်လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ ဧပြီ ၂၁ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ နမ္မတူမြို့မှာရှိတဲ့ နမ္မတူချောင်းထဲက ရေလယ်ကျွန်းလို့ခေါ်တဲ့နေရာမှာ အမျိုးသားတစ်ဦး ရေကူးရာကနေ ရေနစ်သွားခဲ့တာလို့ ဆိုပါတယ်။

နမ္မတူဒေသခံတစ်ဦးက “သူတို့သူငယ်ချင်းနဲ့ ၅ ယောက် ၆ ယောက် သွားတယ်။ ၆ ယောက်စလုံးက ရေမကူးတတ်ဘူးတဲ့။ အဲဒါနဲ့ နစ်သွားတာ။ ပုံမှန်ဆို ဒီအချိန်ဘဲ အရမ်းဂရုစိုက်ရတယ်။ သင်္ကြန်မတိုင်ခင်တို့ သင်္ကြန်အတွင်း သင်္ကြန်ပြီးနောက် ဒီရေက လူစားနေကြတဲ့အချိန်ဘဲ” လို့ ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ အမျိုးသားဟာ ကောင်းဆက်လင်း (၁၅ နှစ်)ဆိုသူပဲ ဖြစ်ပါတယ်။

အဲဒီနမ္မတူ‌ချောင်းမှာ နှစ်စဉ်လိုလို ရေနစ်သေဆုံးသူရှိပြီး ဒေသခံအပြင် အဝေးကနေ လာရောက်ကာ ရေဆော့ကစားတဲ့ ဧည့်သည်တွေလည်း ရေနစ်သေဆုံးခဲ့ဖူးတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကလည်း နမ့်ခမ်းမြို့က ရွှေလီမြစ် (‌နမ့်ခမ်းချောင်းသာ)လို့ခေါ်တဲ့နေရာမှာ သင်္ကြန်အတွင်း ရေကစားရင်း မိုင်းနိုင်ထက် (၁၆ နှစ်)ဆိုသူလည်း ရေနစ်သေဆုံးခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။