ဓာတ်ပုံ – CJ

ပို့လဘား၊ စက်တင်ဘာ ၁၉ ရက်၊ နောင်ပြစ်

ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲကြောင့် တောထဲထွက်ပြေးတိမ်းရှောင်နေရတဲ့ အသက် ၄၀ ဝန်းကျင်ရှိတဲ့ စိုင်းကျော်သိန်းဟာ မနေ့ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီက နေရပ်ပြန်လာနေကြတဲ့အချိန်မှာ ၎င်းရဲ့ အိမ်ဝင်ပေါက်နားမှာ မိုင်းနင်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့က သူခိုးတအားဝင်လို့ အိမ်ပြန်ခွင့်တောင်းတာ။ ဝင်နေခွင့်တော့ရပါပြီ။ ကျွန်တော်တို့က စရိတ်လဲပျက် သူခိုးလဲ‌ကြောက်တာဆိုတော့ ကိုယ့်အိမ်ကို စိတ်မချတာနဲ့ အများကြီးအိမ်ပြန်ကြတယ်။ သူက အိမ်အဝင်ပေါက်မှာတင် နင်းမိတာ။ ညာဘက်ခြေထောက်ပြတ်သွားတယ်။ မနေ့ညကတော့ သူ့ကို ခဲလုံရွာမှာ ယူသွားတာ။ ဒီနေ့မနက်မှာပဲ ဘေးတွဲဆိုင်ကယ်နဲ့နောင်ချိုထိပို့ပေးပြီး ပြင်ဦးလွင်ဆေးရုံမှာ ပို့ပေးလိုက်တယ်” လို့ ပြောပါတယ်။

အဆိုပါ မိုင်းနင်းမိတဲ့ စိုင်းကျော်သိန်းဟာ ညာဘက်ခြေထောက်ပြတ်‌ပြီး လက်ရှိမှာတော့ ပြင်ဦးလွင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ နောင်ပိန်ကျေးရွာမှာလည်း ဒေသခံတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံရပြီး နေအိမ်ရှိပစ္စည်းတွေကိုလည်း ခိုးယူခံနေတယ်လို့ သိရပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လအတွင်း မြေမြှုပ်မိုင်းတွေကြောင့် ကလေး ၂ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး နောက်ထပ်ကလေး ၅ ဦးအပါအဝင် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။