ဓာတ်ပုံ- Local

မိုင်းရူပ၊ ဇန်နဝါရီ ၁၇ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၄)ရှိ မဟာဗောဓာရုံ ကျောင်းတိုက်အတွင်းက ဓမ္မာရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၃ နာရီ ၄၅ မိနစ်မှာ ဝါယာကြိုး ရှော့လ်ဖြစ်ရာကနေတဆင့် ကျောင်းဓမ္မာရုံ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဖြစ်စဥ်ကို သိရှိတဲ့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

“အများကတော့ ဝါယာရှော့လ်ကြောင့်လို့ ပြောကြတယ်။ ဒီရက်ပိုင်း အဲဘက်ကို မီးပေးနေတာ။ ဓမ္မာရုံတစ်ခုဘဲ လောင်တာ။ ကျန်တာတော့ မလောင်ဘူး”

မီးလောင်မှုကြောင့် ကိုးကန့်တပ်မတော်- MNDAA ရဲ့ မီးသတ်ဌာနက နာရီဝက်ကြာ မီးငြိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း ရှမ်းမြောက် မိုင်းရယ်မြို့နယ် ကုန်းနင်းကျေးရွာမှာ ဘက်ထရီအိုး ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ လသားကလေးငယ်တစ်ဦးနဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း ရှမ်းမြောက် နမ့်ခမ်းမြို့နယ် နမ့်စိတ်ရွာမှာ အိမ်ရှင်ဖြစ်သူက အသုဘ သွားနေစဉ် ဝိုင်ယာကြိုး ရှော့လ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။