ဓာတ်ပုံ- Local

မိုင်းရူပ၊ ဇန်နဝါရီ ၁၇ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၄)ရှိ မဟာဗောဓာရုံ ကျောင်းတိုက်အတွင်းက ဓမ္မာရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၃ နာရီ ၄၅ မိနစ်မှာ ဝါယာကြိုး ရှော့လ်ဖြစ်ရာကနေတဆင့် ကျောင်းဓမ္မာရုံ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဖြစ်စဥ်ကို သိရှိတဲ့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

“အများကတော့ ဝါယာရှော့လ်ကြောင့်လို့ ပြောကြတယ်။ ဒီရက်ပိုင်း အဲဘက်ကို မီးပေးနေတာ။ ဓမ္မာရုံတစ်ခုဘဲ လောင်တာ။ ကျန်တာတော့ မလောင်ဘူး”

မီးလောင်မှုကြောင့် ကိုးကန့်တပ်မတော်- MNDAA ရဲ့ မီးသတ်ဌာနက နာရီဝက်ကြာ မီးငြိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း ရှမ်းမြောက် မိုင်းရယ်မြို့နယ် ကုန်းနင်းကျေးရွာမှာ ဘက်ထရီအိုး ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ လသားကလေးငယ်တစ်ဦးနဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း ရှမ်းမြောက် နမ့်ခမ်းမြို့နယ် နမ့်စိတ်ရွာမှာ အိမ်ရှင်ဖြစ်သူက အသုဘ သွားနေစဉ် ဝိုင်ယာကြိုး ရှော့လ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။