ဓာတ်ပုံ – ဦးလှမိုးလူမှု ကူညီရေးအသင်း

မိုင်းရူပ၊ မေလ ၂၆ ရက်၊ တာချီလိတ်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်နေတဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မေလ ၂၅ ရက်မနက်ပိုင်းမှာ မယ်ဆိုင်ချောင်းမှာ မျှောပါလာတဲ့ အမျိုးသားတစ်ဦးရဲ့အလောင်းကို လူမှုကူညီရေးအသင်းတွေက သွားရောက်သယ်ယူခဲ့ပါတယ်။

“အဲလူက လမ်းဘေးမှာ နေတဲ့သူ ချောင်းထဲမှာ ဘယ်လိုမျိုးကျသွားလည်း မသိဘူး။ ပြုတ်ကျပြီး ဆုံးသွားတာ။ ဒီနေ့တော့ ရေကြီးတာ မရှိတော့ဘူး” လို့ သေဆုံးသူရဲ့ အလောင်းကို သွားရောက်သယ်ယူခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မေလ ၂၆ ရက်မှာတော့ မယ်ဆိုင်ချောင်းရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်အထိ ရောက်ရှိနေပြီး နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်တာကြောင့် တာချီလိတ်မြို့အတွင်းရှိ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ စစ်ကောင်စီရဲ့ မိုးဇလက သတိပေးထားပါတယ်။

တာချီလိတ်မှာ နှစ်စဥ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံတာတွေမကြာခဏဖြစ်နေပြီး လူသေဆုံးတဲ့ ဖြစ်စဥ်တွေလည်း မကြာခဏဖြစ်ပွားနေပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနခန့်မှန်းချက်အရ မေလ ၂၅ ရက်ကနေ ဇွန်လ ၂ ရက်အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရွာနိုင်ပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။