မိုင်းပန်ပျော်၊ ဧပြီလ ၂၈ ရက်၊ နမ္မတူ

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် မိုင်းဟုန်းကျေးရွာနဲ့ နားမတ်ကျေးရွာကြားမှာရှိတဲ့ ငါးကန်တစ်ခုထဲကို အသက် ၁၅ နှစ်အရွယ်ရှိတဲ့ အမျိုးသားငယ်တစ်ဦးက ရေဆင်းကူးရာမှာ ရေနစ်‌ပြီးသေဆုံးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်မှာ အဲ့ဒီအမျိုးသားငယ်က တရုတ်ကျောင်းကနေ ပြန်လာတဲ့အချိန် မိုင်းဟုန်းနဲ့ နားမတ်ကြားမှာရှိတဲ့ ငါးကန်‌ထဲကို ရေဆင်းကူးပြီး ရေနစ်သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူတို့ ၄ ယောက်ရှိတယ်။ တရုတ်ကျောင်းကနေပြန်လာတာ နားမတ်နဲ့ မိုင်းဟုန်းကြားက လိုင်ချီးသီးခြံက ငါးကန်ထဲကို ရေဆင်းကူးရင်း သေဆုံးသွားတာ။ သူ့သူငယ်ချင်းတွေပြောတယ် မင်းရေကူးတတ်လား ကူးတတ်တယ်ဆိုပြီးတော့ အဝတ်ချွတ်ပြီးရေထဲခုန်ချပြီး ပျောက်သွားတာ ကျန်တဲ့သုံးယောက်က ရေထဲဆင်းပြီး သူ့ကိုလိုက်ရှာသေးတယ် မတွေ့ဘူး”

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက် နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ နမ္မတူမြို့နယ် TNLA ရဲတပ်ဖွဲ့နဲ့ မီးသတ်အဖွဲ့တို့က ရေနစ်ပြီး သေဆုံးခဲ့တဲ့ အမျိုးသားငယ်ရဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်မှာလည်း နမ္မတူချောင်းမှာ အမျိုးသားငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။