ပို့လဘား၊ ဇန်နဝါရီ ၁၀ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့မှာ ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကလေး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၀ ရက် နေ့လယ် ၂ နာရီကျော်က မူဆယ်မြို့မှာရှိတဲ့ မင်္ဂလာမူဆယ် လမ်းမကြီးရှိ ၈ ထပ်တိုက်ရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေး ၂ ဦး ‌သေဆုံးခဲ့တယ်လို့ ကမ်းလင့်လက် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“၈ ထပ်တိုက်ရှေ့မာ ကားနဲ့ဆိုင်ကယ် တိုက်မိတာပေါ့။ ဆိုင်ကယ် စီးလာတဲ့ အရှေ့က ကောင်မလေးတော့ ပွဲချင်းပြီး သေဆုံးခဲ့တယ်။ နောက်ကလိုက်တဲ့ တစ်ယောက်တော့ ဆေးရုံမှာ သေသွားတာ။ ကားမောင်းလာတဲ့သူကိုတော့ ဖမ်းထားတယ် “

သေဆုံးသွားတဲ့ ကလေးနှစ်ယောက်ဟာ အသက် ၁၃ နှစ်နဲ့ ၁၆ နှစ်အရွယ်ဖြစ်ပြီး မူဆယ်မြို့ ပန်ခမ်းနဲ့ နောင်ရမ်းရွာမှာ နေထိုင်ကြတယ်လို့ ပြောပါတယ်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သူတွေကိုတော့ ရွှေလင်းရောင် လူမှုကူညီရေးအသင်းက သွားရောက် ကူညီပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။