ဓာတ်ပုံ – Local

ယာရူစိင်၊ မေလ ၂၈ ရက်၊ မူဆယ်

တရုတ်ပြည် ရွှေလီမြို့ထဲကို ပွဲစားအမျိုးသမီးတစ်ဦးက နိုင်ငံကူးလက်မှတ် လုပ်ပေးမယ်ဆိုပြီး အမျိုးသမီး ၃ ဦးထံ ငွေကျပ် သိန်း ၉၀ လိမ်လည်သွားတယ်လို့ လိမ်ခံရတဲ့ ကာယကံရှင်ဖြစ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က အသက် ၃၅ နှစ်အရွယ်ရှိတဲ့ မခင်မြင့်အေး ဆိုသူဟာ တရုတ်ပြည်ဝင်ခွင့်ရဖို့အတွက် နိုင်ငံကူးလက်မှတ်(စာအုပ်နီ) လုပ်ပေးမယ်ဆိုပြီး သီပေါမြို့က အမျိုးသမီး ၃ ဦးထံကို ငွေ သိန်း ၉၀ တောင်းယူပြီးလိမ်လည်သွားတာ ဖြစ်ပါတယ်။

“သူတို့ တစ်ယောက်ကို သိန်း ၃၀ ပေးရတာ။ သူတို့ ၃ ယောက်က ရွှေလီမြို့မှာ အလုပ်လုပ်ဖို့သွားချင်တာ။ ‌သီပေါမှာကတည်းက စာအုပ်နီလုပ်ပေးမယ်ဆိုတဲ့ တအာင်း အမျိုးသမီးတစ်ယောက်က မူဆယ်ဘက်ကို လာဖို့ပြောတာ။ အဲကတည်းက သူတို့မသွားဖို့ ကျမ တားပါသေးတယ်။ ပွဲစားတွေနဲ့စာအုပ်နီလုပ်ရင် အလိမ်ခံရမယ်လို့ ပြောပြသေးတယ်။ ကျမ တတ်နိုင်သလောက် တားခဲ့ပေမဲ့ ရောက်အောင်သွားသေးတယ်။ သူတို့ သုံးယောက် မူဆယ်ရောက်တာက မေလ ၁၂ ရက်က ရောက်တာ”လို့ လိမ်လည်ခံရသူနဲ့ နီးစပ်သူတစ်ဦးက ဆက်ပြောပါတယ်။

နိုင်ငံကူးလက်မှတ် (စာအုပ်အနီ) ရဖို့အတွက် ပွဲစားအမျိုးသမီးထံကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်က ငွေကျပ် သိန်း ၉၀ ပေးပြီးတဲ့နောက်မှာဘဲ မေလ ၁၅ ရက်ကစပြီး ဒီနေ့ မေလ ၂၈ ရက်အထိ ပွဲစားအမျိုးသမီးနဲ့ အဆက်အသွယ်မရတော့ဘူးလို့ ကာယကံရှင်ဖြစ်သူတစ်ဦးက ပြောပါတယ်။

“ပိုက်ဆံပေးပြီး နောက်တစ်ရက်မှာ အဲပွဲစားမက သူဝယ်စရာရှိတယ်ဆိုပြီး အပြင်ထွက်သွားတယ်။ သူအပြင်ထွက်သွားတာက မေလ ၁၄ ရက် ညနေအချိန်‌ လောက်ဖြစ်မယ်။ အဲနေ့ည ၈ နာရီ‌လောက်ကတော့ သူနဲ့ အဆက်အသွယ်ရသေးတယ်။ ညနက်လာတော့ ပြန်မလာသေးလို့ဆိုပြီး ဖုန်းခေါ်ကြည့်တော့ စက်ပိတ်တဲ့။ အစတော့ သူဖုန်းအားကုန်သွားတယ် ထင်လို့ ပြန်မခေါ်ဖစ်ဘူး။ မနက်ရောက်တော့လဲ သူမရောက်သေးလို့ ဖုန်းထပ်ခေါ်လဲ စက်ပိတ်ဘဲ ပြောနေတာ။ အဲဒီနောက်ပိုင်းကစပြီး ဖုန်းဘယ်လောက်ဆက်ဆက် မရတော့ဘူး”လို့ ‌ဆက်ပြောပါတယ်။

တရုတ်ပြည်ထဲ ဝင်ရောက်ဖို့ ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် (စာအုပ်အနီ)ကို မူဆယ်ခရိုင်အတွင်း နေထိုင်သူတွေသာ လုပ်ကိုင်ခွင့်ရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မူဆယ်ခရိုင်အတွင်းမဟုတ်တဲ့သူတွေကို ပွဲစားကနေတဆင့် စာအုပ်အနီ လုပ်ပေးမယ်ဆိုပြီး ငွေကြေးလိမ်လည်ခံရတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။