ဓာတ်ပုံ – Local

ခိုင်လေး၊ ဖေဖော်ဝါရီ ၁၅ ရက်၊ နောင်ချို

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် မဲပုတ်ရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒေါ်ဖြူလှိုင်ဆိုသူရဲ့ အိမ်‌ဘေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၇ နာရီမှာလက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် သားအမိနှစ်ဦးကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

မိသားစုဝင်တစ်ဦးက “ကလေးအမေနဲ့ကလေးက အိမ်ခြံ၀င်းအတွင်းမှာ ရှိနေခိုက် ထိတာပါ။ လားရှိုးဆေးရုံ ပို့တဲ့အချိန် လမ်းတစ်ဝက်မှာဘဲ အမေဖြစ်သူက ဆုံးသွားတာ။ ရွာဘက်မှာဘဲ ပြန်သင်္ဂြိုလ်လိုက်တယ်။ ကလေးက ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာ ပြင်းထန်တော့ ခြေထောက် ဒူးအပေါ်ဘက်အထိ ဖြတ်လိုက်ရတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၃၃ နှစ်အရွယ် ဒေါ်ဖြူလှိုင်ဆိုသူဖြစ်ပြီး ဒဏ်ရာရတဲ့ ကလေးကတော့ ၅ နှစ်အရွယ် မောင်ကျော်မိုးဆိုသူ ဖြစ်ပါတယ်။

နောင်ချိုမြို့နဲ့ မိုင်၂၀ ကွာဝေးတဲ့ တောင်းခမ်းရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကစပြီး စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လက်ရှိမှာလည်း တိုက်ပွဲ ပြင်းထန်ပြီး တောင်းခမ်းရွာနဲ့ လက်နက်ကြီး ကျကွဲတဲ့ မဲပုတ်ရွာဟာ ၄ မိုင်ခန့်သာ ကွာဝေးပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၄ ရက်အထိ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီး ၁၁ ဦးအထိ ရှိလာပြီး သေဆုံးသူထဲ ရှမ်းပြည်နယ်မှာ ၈ ဦးနဲ့ သေဆုံးမှု အများဆုံး ဖြစ်တယ်လို့ AAPP က မနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။