ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၂၈ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာက အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦးကို မူးယစ်ဆေး သုံးစွဲတယ်ဆိုပြီး ကိုးကန့်တပ်- MNDAA က ဖမ်းဆီးပြီး ထောင်ဒဏ် ၄ လ ချမှတ်ခဲ့တယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့က ပြီးခဲ့တဲ့ မေလက မယ်ဟန်ရွာထဲ ဝင်လာပြီး အဲဒီကလေးကို ရိုက်နှက်ခဲ့ပြီးနောက် ကြိုးနဲ့ချည်ကာ ဖမ်းဆီးခေါ်ဆောင်သွားတာပဲ ဖြစ်ပါတယ်။

“သူတို့လာဖမ်းတဲ့ရက်တော့ မမှတ်မိဘူး။ ည ၉ နာရီလောက်ဖြစ်မယ် သူတို့ဝင်လာတာ။ မူးယစ်ဆေး သုံးတယ်ဆိုပြီး‌ ပြောတယ်။ မသုံးဘူးပြောလည်း မရဘူး ခေါ်သွားတာဘဲ။ သူတို့ဖမ်းတဲ့ညက အိမ်ကလူတွေတောင် မသိဘူး။ သေနတ်ဒင်တွေနဲ့ ရိုက်တယ်။ လက်‌ထိပ် ခတ်တယ်။ ပြီးတော့ ခြေထောက်လည်း ခြေခတ်ပြီး ‌ဖမ်းသွားတာ” ဆိုပြီး ၎င်းနီးစပ်သူက ပြောပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အဆိုပါကလေးဟာ ၁၆ နှစ်အရွယ် မိုင်းအဆီဆိုသူဖြစ်ပြီး သူ့ကိုတော့ လားရှိုးမြို့နယ် အီနိုင်းရွာမှာရှိတဲ့ ကိုးကန့်တပ်ရဲ့ထောင်မှာ ၁ လနဲ့ သိန္နီထောင်မှာ ၃ လ ထောင်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ထောင်ဒဏ် ၄ လ ချတယ်။ အီနိုင်းမှာ ၁ လ ထားတယ်။ ပြီးတော့ သိန္နီဘက် ပြောင်းရွှေ့တာ။ အဲမှာလည်း ၃ လ ထောင်ထဲမှာဘဲ။ ထောင်ထဲမှာဆို အလုပ်တွေ လုပ်ရတယ်။ ခြံတွေ ပေါက်ရတယ်။ နားလို့ မရဘူး။ နားရင် မြက်နှုတ်ခိုင်းတာ။ ထောင်မှာ ၄ လ ချပြီး စစ်သား လုပ်ခိုင်းတာ။ ၁၅ ရက်လောက်ဘဲ ရှိသေးတယ်။ သူမလုပ်ချင်လို့ ထွက်ပြေးလာတာ” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်မှာလည်း ကိုးကန့်တပ် ထိန်းချုပ်တဲ့ သိန္နီမြို့နယ်ထဲက တရုတ်စာ သင်ကြားပေးနေသူ ဆရာမတစ်ယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူ ၂ ဦးကို ကိုးကန့်တပ်က သေဒဏ် စီရင်ခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။