ဓာတ်ပုံ – CJ (ပုံဟောင်း)

သူတော်စိန်၊ ဒီဇင်ဘာ ၁၅ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ပေါ်မှာ လစာကောင်းရမယ်ဆိုပြီး အမျိုးသမီးငယ်တွေကို ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ၁၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မူဆယ်က ပွဲစားတွေက လစာကောင်းရမယ်ဆိုပြီး ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခဲ့တာလို့ လိမ်လည်ခံရသူ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။

“သမီးတို့ ၃ ယောက်ကို ပွဲစားက မူဆယ်စီးကရက်စက်ရုံမှာ လစာကောင်းတယ်ပြောပြီး ရွာကနေ ခေါ်လာတာ။ ဒီရောက်တော့ (ဘိ)မှာ အလုပ်လုပ်ခိုင်းတယ်။ မလုပ်နိုင်ဘူးလို့ ငြင်းတော့ လမ်းစရိတ် စားစရိတ်နဲ့ ပွဲစားကြေး (၁၅) သိန်းကို ဆရာမ က တောင်းတယ်။ သမီးတို့မှာ ပေးစရာမှ မရှိတာ။ ဒီတော့ မလုပ်ချင်လည်း လုပ်နေရဦးမှာပဲ။ ကယ်မဲ့သူမှ မရှိတာ”

အဲဒီအမျိုးသမီးငယ် ၃ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းလောက်မှာ မူဆယ်မြို့ သိန်းသန်းချီကားကြီးဝန်း ပထမအဝင် လမ်းမကြီးပေါ်ရှိ ပုဂ္ဂလိကအထက်တန်းကျောင်းရှေ့မှာ (1256) နာမည်နဲ့ မူဆယ်မြို့ စခန်းမှူး ဒုရဲမှူးနေယုဆန်းဦးဆောင်တဲ့ ရဲအရာရှိတွေ ဖွင့်လှစ်ထားတဲ့ ပြည်တန်ဆာရုံသို့ ပို့ဆောင်ခံရတာဖြစ်ပါတယ်။

ထွက်ပြေးလို့မရအောင် အဆိုပါ အမျိုးသမီးငယ် ၃ ဦးရဲ့ မှတ်ပုံတင်တွေလည်း ရုံက သိမ်းဆည်းထားပြီး တခြားနေရာသို့ အကူအညီယူ မတိုင်တန်းနိုင်အောင်လည်း သူတို့ကို ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။‎

ကားလေးဝန်းအနီး ရွှေဆင်မင်းရှေ့လမ်းရှိ တာမိုးညဲပြည်သူ့စစ်တာဝန်ခံ ကိုမျိုးပိုင်တဲ့ ပြည်တန်ဆာရုံမှာလည်း ရိုက်နှက်ပြီး အဓမ္မစေခိုင်းတာတွေ ရှိနေတာကြောင့် ဒေသခံတွေက ၂၀၂၅ ခုနှစ် အောက်တိုဘာ (၈) ရက်နဲ့ (၂၁) ရက်၊ နိုဝင်ဘာ (၁၈) ရက်နေ့တွေမှာ မြို့မရဲစခန်းမှူးထံ လိပ်မူတပ် စာရေးတိုင်ကြားခဲ့ပေမယ့် တစုံတရာ အရေးယူတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါအခြေအနေတွေနဲ့ပတ်သက်ပြီး ရဲတပ်ကြပ်ကြီးတစ်ဦးက “အခုရုံတွေက အရင်လို မဟုတ်တော့ဘူး။ ဆေးပြားပါ တွဲရောင်းနေကြတာ။ ဒီတော့ လိုင်းကြေးက အရင်ထက် ပိုများလာတာပေါ့။ စခန်းမှူးက ပြည်နယ်ရဲတပ်ဖွဲ့မှူးကို လစဥ် သိန်း (၁၀၀) ပေးတယ်လို့ ကြားတာပဲ။ ဒီတော့ ပြည်နယ်မှူးက တိုင်တဲ့သူရှိရင်လည်း အရေးမယူတော့ဘူး။ မသိသလို နေလိုက်တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ နယ်ထိန်းတွေရဲ့ စာရင်းတွေအရ ဆင်ဖြူဈေးအတွင်းမှာ ပြည်တန်ဆာရုံ (၁၈) ရုံ၊ စွမ်စော် (၁၆) ရုံ၊ ကားလေးဝန်း (၁၃) ရုံ၊ ကားကြီးဝန်းအတွင်းနဲ့ အနောက်ခြမ်းမှာ နမ့်ခမ်းမြို့မပြည်သူ့စစ်က တာဝန်ခံပြီး ဖွင့်ထားတဲ့ ရုံ (၁၇) ရုံ၊ ကောင်းမှုတုန် (၅) ရုံ၊ တောင်ရပ်ကွက် (၁) ရုံ၊ ဟိုမွန် (၃၁) ရုံ၊ ခရစ္စယာန်ရပ်ကွက်တွင် (၄) ရုံ၊ မင်္ဂလာမူဆယ်မှာ (၃) ရုံ ရှိပါတယ်။

အခုလို မူဆယ်မြို့တွင်းမှာ ပြည်တန်ဆာရုံတွေ မြောက်များစွာရှိနေပေမယ့် ရဲစခန်းမှူးနဲ့ အဖွဲ့က အရေးယူ ဖမ်းဆီခြင်းမရှိဘဲ ရုံအသေးကို (၂၅)သိန်း၊ ရုံကြီးကို (၄၅) သိန်း လိုင်းကြေးကောက်ခံပြီး ခွင့်ပြုပေးနေတာလို့ စုံစမ်း သိရှိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။