ဓာတ်ပုံ – Local

ပို့လဘား၊ ဇန်နဝါရီ ၂၂ ရက်၊ နောင်ချို

တအာင်းတပ်မ‌တော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၈ ဦး သေဆုံးခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက် ၁၁ နာရီခွဲမှာ နောင်ချိုမြို့ရှိ ပါရမီ လက်ဖက်ရည်ဆိုင်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၈ ဦး ထပ်မံ သေဆုံးခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“၂ လုံး ချသွားတယ်။ ပါရမီ လက်ဖက်ရည်ဆိုင်ပေါ်တည့်တည့် ကျလာတယ်။ သူတို့ဆိုင်လည်း ပြိုသွားတယ်။ အိမ်လည်း အကုန်မီးလောင်သွားတယ်။ အကြော်ဆရာတစ်ယောက်ပဲ လွတ်သွားတယ်။ ကျန်တဲ့သူတွေက မသိရသေးဘူး။ အခုမီးသတ်ကားတွေ သူတို့အိမ် မီးလာငြိမ်းပေးနေတယ်။ ဒဏ်ရာရတဲ့သူက များတယ်။ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။

ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူရဲ့ အချက်အလက် အသေးစိတ် သိရဖို့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မန္တလေးတိုင်း ပြင်ဦးမြို့ကနေ နောင်ချိုမြို့ထဲ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ပစ်ခတ်တာရှိသလို နောင်ချိုမြို့နယ် ညောင်ထောက်ရွာကနေလည်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၂၁ ရက်ကလည်း နောင်ချိုမြို့ရှိ ထွေအုပ်ရုံးအနီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။