မိုင်းပန်ပျော်၊ ဧပြီ ၅ ရက်၊ လားရှိုး

ကိုးကန့်‌တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဆိုင်တစ်ဆိုင် ဓားပြ ထပ်တိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ ဒီနေ့မနက် ၆ နာရီကျော်က လားရှိုးမြို့ ရပ်ကွတ် ၁ နယ်မြေ ၉ လမ်းသွယ် ၅ မှာရှိတဲ့ နေအိမ်တစ်ခုမှာ အမျိုးသား ၄ ဦးက ‌ဓားပြ ဝင်တိုက်ခဲ့တာလို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သိသလောက်ကတော့ ဒီနေ့ ရပ်ကွက်ထဲမှာ ဓားပြ တိုက်သွားတာ စတိုးဆိုင်ပိုင်ရှင်အိမ်ပေါ့။ ကားနဲ့ဖုန်း ပါသွားတယ် ပြီးတော့ မီးခံသေတ္တာလည်း အလုံးလိုက် မ သွားတယ်”

ဓားပြ တိုက်ခံရတဲ့အချိန် ဖုန်းရဲ့ Password လည်း ပြောခိုင်းပြီး အဲဒီဖုန်းကနေတဆင့် K-Pay တွေ လိုက်လိမ်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကလည်း သေနတ် ကိုင်ဆောင်တဲ့ လူငယ် ၅ ဦးက လားရှိုးမြို့ ရပ်ကွက် ၁၀ ထဲက ဆိုင်တစ်ခုကို ဓားပြတိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီထံ ကိုးကန့်တပ်က ပြန်လည် လက်လွှဲပေးမယ်ဆိုတဲ့သတင်း ထွက်ပေါ်ပြီးနောက် ဓားပြတိုက်မှုတွေ ဆက်ဖြစ်လာမှာကို လူထုတွေက စိုးရိမ်နေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။