ဓာတ်ပုံ – ရှမ်းအရှေ့သတင်းမဏ္ဍိုင်

ယာရူစိင်၊ ဇူလိုင် ၁၈ ရက်၊ တာချီလိတ်

ရှမ်းအရှေ့ တာချီလိတ်မြို့ ညစျေးတန်းရှိ ဆိုင်ခန်းပေါ်ကို သစ်ပင်လဲကျတာကြောင့် ဒေသခံ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်က မိုးအဆက်မပြတ်ရွာသွန်းနေပြီး တာချီလိတ်မြို့ ညစျေးတန်းရှိ ဆိုင်ခန်းအပေါ်ကို ကုက္ကိုလ်ပင်တစ်ပင် လဲကျခဲ့တာကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦးတို့က ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တာချီလိတ်မြို့ခံ တစ်ဦးက” အဲနေ့က မိုးလည်း အရမ်းကြီးတယ်။ မိုးရွာ လေတိုက်ဆိုတော့ သစ်ပင်လဲကျသွားတာပေါ့။ ဒဏ်ရာက မပြင်းထန်ဘူးလို့တော့ကြားတယ်။ တာချီလိတ်မှာကျ မိုးမရွာလည်း တောင်ကျရေကြောင့် ရေကြီးတယ်။ ဒီတလောတော့ မိုး ဆက်တိုက်ရွာတော့ ရပ်ကွက်တချို့တွေမှာ ရေကြီးတာတွေတော့ ဖြစ်တယ်။ ဒီနေ့တော့ ရေကျသွားပြီ။ လမ်းသွားလာလို့ အဆင်ပြေတဲ့အခြေအနေတော့ ရှိပြီပေါ့”လို့ ပြောပါတယ်။

မနေ့ ဇူလိုင် ၁၇ ရက် ညနေအချိန်ကလည်း တာချီလိတ်မြို့ရှိ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်းဆိုင်၊ မယ်ခေါင်ရပ်ကွက်တွေနဲ့ လမ်းတချို့မှာလည်း မိုးရွာသွန်းမှုကြောင့် ရေတက်လာတာတွေ့ရှိရတယ်လို့ ရှမ်းအရှေ့သတင်းမဏ္ဍိုင်မှာ ဖော်ပြထားပါတယ်။

တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှုနဲ့ ရေထဲမျှောပါပြီး သေဆုံးတာတွေလည်း မကြာခဏ ဖြစ်ပွါးနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းမှာ အမျိုးသား ၁ ဦး ရေထဲ မျှောပါပြီး သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။