ဓာတ်ပုံ – ဒေသခံ

လွေးထွေး၊ မတ်လ ၁၆ ရက်၊ နောင်ချို

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ယာပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မတ်လ ၁၄ ရက် နေ့လည် ၁၀ နာရီ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ နောင်တောအုပ်စု ယာပြင်ရွာအနီးရှိ ကြံခင်းထဲကို ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၃ ဦး‌ သေဆုံးပြီး အမျိုးးသမီး ၂ ဦး၊ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“၃ ယောက်သေတာတော့ သိတယ်။ သူတို့က ကြံသွားခုတ်ရင်း ဒရုန်းထိလို့ သေတာ” လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၂၈ နှစ်အရွယ် မသူဇာမိုး၊ အသက် ၂၁ နှစ်အရွယ် မသင်အေးနဲ့ အသက် ၁၅ နှစ်အရွယ် မသဇင်အေးတို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လတ်တလောမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA၊ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား မြေပြင်မှာ တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က လေကြောင်းနဲ့ပါ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ကလေး ၄ ဦး အပါအဝင် ၁၆ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၁၁ ဦးအပါအဝင် ၆၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။