ရဲမာန်၊ နိုဝင်ဘာ ၄ ရက်၊ ပေါက်

မကွေးတိုင်း ပေါက်မြို့နယ် ချက်ကန်ရွာထဲ စစ်ကြောင်းထိုးပြီး လူထုပိုင် တိရိစ္ဆာန်တွေကို ဝင်ရောက် ဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) ၂၂ ကနေ ထွက်လာတဲ့တပ်မ ၉၉ လက်အောက်ခံတပ်ရင်းဖြစ်တဲ့ ၄၁၉၊ ၁၀၉၊ ၁၄ က အင်အား ၄၀၀ နဲ့ စစ်ကြောင်း ထိုးလာတာဖြစ်တယ်လို့ Young Revolution Front- YRF မှ ရုံးတာဝန်ခံ ကိုလွင်မိုးက ရွှေဖီမြေကို ပြောပါတယ်။

“ချက်ကန်ရွာက စာသင်ကျောင်းကို အောက်တိုဘာ ၃၁ ရက် မနက် ၄ နာရီမှာရောက်တယ်။ အဲအချိန်မှာ နားတဲ့သူက နား စာသင်ကျောင်းပတ်လည်က ပြည်သူပိုင် နေအိမ်တွေကို မီးရှို့တဲ့သူကရှို့ ကြက်ဝက် လိုက်ဖမ်းသူက ဖမ်း။ ကျနော်တို့ အနီးနားဝန်းကျင်က အိမ်တစ်အိမ်ကို စစ်ကောင်စီတပ်သား ၃ ဦး ရောက်လာတယ်။ သူတို့ကတော့ ကျနော့်အနီးနားကအိမ်ကို မီးရှို့သွားတာမဟုတ်ဘူး။ ကြက်တွေ လိုက်ဖမ်းနေတဲ့အချိန်မှာ ကျနော်တို့ ဝင်ရောက်ဖမ်းဆီးလိုက်တာပါ”

စစ်ကောင်စီတပ်သား ၃ ဦးကို ဝိုင်းဝန်းဖမ်းဆီးပြီးနောက် စစ်သား ၃ ဦးဆီကနေ သေနတ် ၂ လက်နဲ့ ကျည် ၁ ထောင်ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

စာသင်ကျောင်းမှာရှိတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာ ၁ ရက် နေ့ခင်းပိုင်းမှာ ပေါက် တောင်ပိုင်းရှိ ပင်တောင်နဲ့ ဒီးဒုတ်ကွင်း ပျူစောထီးရွာ ၂ ရွာကို စစ်ကြောင်းတစ်ကြောင်းဆီ ခွဲထွက်သွားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒီးဒုတ်ကွင်း ပျူစောထီးရွာကို ခွဲထွက်သွားတဲ့စစ်ကြောင်းဟာ YRF ထိန်းချုပ်နယ်မြေကို ဖြတ်သန်းသွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်နေစဥ် YRF ထောင်ထားတဲ့မိုင်းကို နင်းမိပြီး သေဆုံးခဲ့တဲ့ စစ်သား ၂ ဦးရဲ့ အလောင်းနဲ့အတူ ကျောပိုးအိတ်၊ ကျည်ကာဦးထုပ်၊ ကျည်ဘောက်နဲ့ ကျည်တို့ကိုပါ တွေ့ခဲ့ရတယ်လို့ ၎င်းက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။