လွေးထွေး၊ ဇန်နဝါရီ ၁၉ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၃ ဦးက ကုန်စုံဆိုင်တစ်ခုထဲဝင်ပြီး ဆိုင်ရှင်အမျိုးသမီးကို ပြန်ပေးဆွဲသွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားက ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၁၈ ရက် ညပိုင်းမှာ မူဆယ်မြို့ ကောင်းမူးတုန်ရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးကို ၎င်းအမျိုးသား ၃ ဦးက သေနတ်ထောက် လက်ထိပ်ခတ်ပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားက “ဝတ်ထားတာက စစ်သားဝတ်စုံပေါ့။ သူတို့ပြောတာက ပြည်သူ့စစ်တဲ့။ မနေ့ညဖြစ်တာ။ ဆိုင်ရှင်ကိုခေါ်သွားတယ်။ အခုထိ ဘာမှန်းမသိရဘူး” လို့ ပြောပါတယ်။

၎င်းဖြစ်စဉ်ကြောင့် အဲဒီကုန်စုံဆိုင်ဟာ ဒီနေ့အထိ ပိတ်ထားပြီး ဆိုင်ရှင်လည်း ပြန်မလွှတ်လာသေးကြောင်း သူက ဆက်ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်မှာ အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ပြီး ကားကို ဓားပြတိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

မူဆယ်မြို့မှာ လောင်းကစားရုံ၊ ကျားဖျန်ရုံ ပေါများပြီး မူးယစ်ဆေးဝါး အလွယ်တကူရနေတဲ့မြို့ ဖြစ်တဲ့အပြင် စစ်တပ်နဲ့ လက်နက်ကိုင် ပြည်သူ့စစ်ပေါင်းစုံ ရှိနေတာကြောင့် မကြာခဏ လူသတ်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။