ဓာတ်ပုံ – CJ

လွေးဇွန်မိုး၊ စက်တင်ဘာ ၃ ရက်၊ နမ္မတူ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ် ၁၂ မိုင်ကုန်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိဖြစ်ပြီး ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ စက်တင်ဘာ ၂ ရက် နေ့လည် ၃ နာရီဝန်းကျင်က မန်တုံကနေ နမ္မတူကို လာတဲ့ ကားတစ်စီးနဲ့ နမ္မတူကနေ လာတဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ အသက် ၂၁ အရွယ် အမျိုးသား ၁ ဦး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

နောက်တစ်ဦးကတော့ နမ္မတူဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဆိုင်ကယ်စီးလာတဲ့ ကောင်လေးနှစ်ယောက်က တစ်ယောက်ကတော့ ဟိုမှာကတည်းက ပွဲချင်းပြီး။ နောက်တစ်ယောက်ကကျတော့ သူတို့နမ္မတူဆေးရုံကို ခေါ်လာမှ သေသွားတာ”

သေဆုံးသွားတဲ့ အဲဒီအမျိုးသား ၂ ဦးဟာ နမ္မတူမြို့နယ် ဟူးဆာကျေးရွာမှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် ကားသမားက ထွက်ပြေးသွားပြီး TNLA ရဲ့ မြို့နယ် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။