ဓာတ်ပုံ- SW

လွေးထွေး၊ မတ်လ ၂၆ ရက်၊ ပြင်ဦးလွင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ဓား‌ထိုး လုယက်မှုဖြစ်လို့ အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်ကို ကိုယ်တိုင်မြင်ခဲ့ရသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ မတ်လ ၂၆ ရက် မနက် ၁၀ နာရီခန့်က စစ်တပ် ထိန်းချုပ်ထားတဲ့ ပြင်ဦးလွင်မြို့နယ် လက်ပံကုန်းနဲ့ နမ့်ကပ်ရွာလမ်းကြား လမ်းမပေါ်မှာ အမျိုးသားတစ်ဦးရဲ့ဆိုင်ကယ်တစ်စီး ပါသွားတဲ့အပြင် ဦးခေါင်း ရိုက်ခံရတဲ့ ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးပါတယ်။

အလားတူ နောက် ၅ ဖာလုံသာခြားတဲ့ နေရာမှာလည်း အမျိုးသားတစ်ဦး ချိုင်းအောက် ဓားထိုးခံခဲ့ရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားက “ဖြစ်စဉ်က နှစ်နေရာ သေတာကလည်း နှစ်ယောက်လုံးအမျိုးသားဘဲ။ ပြင်ဦးလွင်နဲ့ ၁၅ မိနစ်ဘဲ သွားရတာ” လို့ ပြောပါတယ်။

သေဆုံးသူ အမျိုးသားနှစ်ဦးဟာ အသက် ၃၀ နဲ့ ၂၀ ဝန်းကျင်အရွယ်သာရှိပြီး သူတို့ရဲ့နေရပ်ဒေသနဲ့ နာမည်ကို မသိရသေးဘဲ ပရဟိတအသင်းတွေကသာ သွားရောက်သယ်ဆောင်ပြီး ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ ‌ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြင်ဦးလွင်မြို့မှာ ဓားထိုးလုယက်မှုဖြစ်ပြီး သေဆုံးတာဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

အလားတူဖြစ်စဉ်မျိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာလည်း မကြာခဏ ဖြစ်ပွားနေပြီး မတ်လ ၂၄ ရက်ကလည်း ‌ကောင်းမှုလွယ်ရပ်ကွက်မှာ အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံခဲ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။