ရွှေဖီမြေ၊ စက်တင်ဘာ ၂၅ ရက်၊ ကျောက်မဲ
ကျောက်မဲမြို့နယ် ပင်ပေါကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသား၁ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပင်ပေါကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဦးဆန်းလွင်ဆိုသူဟာ ပွဲချင်းသေဆုံးခဲ့ပြီး ဒေါ်နီနီနဲ့ မဆုနဒီလွင်တို့က ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ကျောက်မဲမြို့နယ် နမ့်ဆော့ကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မနေ့ စက်တင်ဘာ ၂၄ ရက်မှာလည်း ပင်တီးကျေးရွာဘက်ကို စစ်ကောင်စီတပ်က ပေါင်(၂၅၀) ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။