ဓာတ်ပုံ- Local

ရွှေဖီမြေ၊ ဧပြီ ၉ ရက်၊ နောင်ချို

ဒီနေ့ ဧပြီ ၉ ရက် နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် နမ့်ဆောင်းဟူးရွာကို ဗုံး ထပ်ကြဲချခဲ့ပြီး အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ နောင်ချိုမြို့ရှိ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

“ကြဲတာက ၂ လုံး။ တစ်နေရာစီပေါ့။ တစ်လုံးက မကွဲဘူး။ ကွဲတဲ့အလုံးက အိမ်ထိခိုက်မှု ရှိတယ်။ အိမ်သားတစ်ယောက် ထိတယ်။ မစိုးရိမ်ရဘူး”

ပြီးခဲ့တဲ့ ဧပြီ ၅ ရက် ညပိုင်းကလည်း အဲဒီနမ့်ဆောင်းဟူးရွာထဲ ဗုံးကြဲချခဲ့လို့ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

တောင်းခမ်းရွာမှာလည်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေလို့ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံကာကွယ်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှ သတင်းအရင်းအမြစ်က ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ ငလျင်ဘေးကြောင့် အပစ်အခတ် ရပ်စဲထားကြောင်း ထုတ်ပြန်ထားကြပေမဲ့ အပစ်အခတ် ရပ်စဲတာကို ချိုးဖောက်နေကြောင်း နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲထားကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။