ဓာတ်ပုံ – HNH (ပုံဟောင်း)

မိုင်းရူပ၊ နိုဝင်ဘာ ၂၅ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၅ က ရေကန်တောင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်လို့ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတချို့က ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၂၅ ရက် မနက်ပိုင်းမှာ ရေကန်တောင်မှာရှိတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီပစ်ခတ်မှုတွေကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ ၂ ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

“ဒီနေ့ ရေကန်တောင်မှာ တွေ့တဲ့သူ လိုက်ပစ်တဲ့ပုံစံပေါ့။ တချို့လည်း ဘိန်းစားဟုတ်ချင်ဟုတ်မယ်။ တချို့က မဟုတ်ဘူး။ စစ်တပ်က လိုက်ပစ်တာ။ ဒဏ်ရာရတာ ၂ ယောက်။ တစ်ယောက်က ဗိုက်ထိတယ်။ တစ်ယောက် ခြေထောက်ထိတယ်။ တစ်ယောက် သေသွားတယ်။ ပစ်ပြီးတော့မှ ဒီတိုင်းထားခဲ့တာ” လို့ ဖြစ်စဥ်သိရသူ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုး ရေကန်တောင်မှာ စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့တွေက မူးယစ်ဆေးဝါးသုံးစွဲသူတွေကို မကြာခဏ လာရောက်စစ်ဆေးတာတွေ ပြုလုပ်နေပြီး ငွေတောင်းတာတွေ မကြာခဏပြုလုပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်မှာလည်း ရေကန်တောင်ရှိ နေအိမ်တစ်အိမ်မှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးက ကားတစ်စီးနဲ့ ရောက်လာပြီး နေအိမ်အတွင်း မူးယစ်ဆေးဝါးရှိမရှိ ဝင်ရောက်စစ်ဆေးရာ ငွေသိန်း၂၀ ကျော် တောင်းခံသွားတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ရေကန်တောင်မှာ မူယစ်ဆေးဝါး သုံးစွဲသူတွေ ကျက်စားရာနေဖြစ်ပြီး မူယစ်ဆေးကြောင့် သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ မကြာခဏ တွေ့တဲ့နေရာလည်း ဖြစ်ပါတယ်။

လားရှိုးမြို့ကို ကိုးကန့်တပ်တွေ ထိန်းချုပ်စဥ် ရေကန်တောင်ဖက်မှာ မူးယစ်ဆေးသုံးစွဲသူတွေ နည်းပါးလာပေမယ့် လားရှိုးကို စစ်ကောင်စီပြန်ရပြီးနောက် မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ပြန်ပေါများလာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။