ဓာတ်ပုံ – Local

မိုင်းအရှိုင်း၊ ဇူလိုင် ၁၁ ရက်၊ ကျောက်မဲ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဒီနေ့ ဇူလိုင် ၁၁ ရက် မနက် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ချိုကနေ စစ်ရှောင်လာတဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့အမျိုးသားဟာ နောင်ချိုကနေ ကျောက်မဲမြို့ပြင်ရှိ ကောလိဟော်တယ်မှာ လာရောက်ခိုလှုံတဲ့လူဖြစ်တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေက်ုပြောပါတယ်။

“ကောလိဟိုတယ်မှာ သေသွားတဲ့တစ်ယောက်က နောင်ချိုဒေသခံ။ နောင်ချိုက ရွာတစ်ရွာရဲ့ ဥက္ကဌတဲ့”

ဗုံးကြဲတိုက်ခိုက်မှုဟာ ကျောက်မဲမြို့မရဲစခန်း၊ ခရိုင်ရဲရုံး၊ မြို့ပြင်ရှိ ကောလိဟော်တယ် စတဲ့နေရာတွေမှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံးလည်း ထိမှန်ပျက်စီးသွားတယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ မိုးကုတ်မြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်းဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးနဲ့အမျိုးသမီးအပါအဝင် ဒေသခံ ၁၅ ဦးသေဆုံးခဲ့ပြီး ၅၀ဦးခန့် ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။