ဓာတ်ပုံ – CJ

မိုင်းရူပ၊ သြဂုတ် ၂၃ ရက်၊ ကျောက်မဲ

တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့က ကွန်စလမ်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာက ကလေးတစ်ဦး သေဆုံးပြီး သံဃာ ၂ ပါး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ကိုရင်တစ်ပါး ခြေထောက်မှာ ဒဏ်ရာရတယ်။ တစ်ပါးကတော့ ဒဏ်ရာ ပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေပါ။ ကလေးတစ်ယောက်ကတော့ သေဆုံးသွားပါပြီ” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေ ကို ပြောပါတယ်။

ဒီနေ့ သြဂုတ် ၂၃ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံးနဲ့ ကွန်စလမ်းရွာက ဘုန်းကြီးကျောင်းထဲကို ဗုံးကြဲချခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားသူဟာ အသက် ၁၀ နှစ်ဝန်းကျင်ရှိတဲ့ မောင်အာကာဖြိုးဆိုသူဖြစ်ပြီး စစ်တပ်ရဲ့ ဗုံးကြောင့် ဘုန်းကြီးကျောင်းတစ်ခုလုံးလည်း ပျက်စီးခဲ့ပါတယ်။

တစ်ဖက်မှာလည်း ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီးမှာ စစ်တပ်နဲ့ TNLA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုတွေ ဆက်ရှိနေပါတယ်။

စစ်ကောင်စီတပ်က PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှ လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး လူထုတွေအနေနဲ့ စစ်ရေးသတိရှိထားဖို့ TNLA က တိုက်တွန်းထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။