ဓာတ်ပုံ – DPLA

ပို့လဘား၊ ဇွန်လ ၂၅ ရက်၊ နောင်ချို

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က တစ်ရက်အတွင်း ဗုံး ၁၉၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့နယ်ရှိ နောင်သြ၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA၊ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဟာ မနေ့ ဇွန်လ ၂၄ ရက် တစ်ရက်အတွင်း လေကြောင်းကနေ ဗုံး ၁၃၀လုံး၊ ဒရုန်း ၆၀လုံး စုစုပေါင်း ဗုံးအလုံး ၁၉၀နဲ့ လက်နက်ကြီး ၅၃ လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“မနက်ကတည်းက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပဲ။ ဒီနေ့ ဆမ္မဆယ်ရွာတော့ ငြိမ်နေတယ်။ လက်နက်ကြီးသံတွေ မကြားရဘူး။ မျက်ချင်းနုနားမှာ စကစတွေ ရောက်နေပြီ။ ဟိုနေ့ စကစတွေထိုးလာတာ သူတို့ဘက် အထိုက်အခိုက်များတယ်”လို့ စစ်မြေပြင်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကလည်း နောင်ဩအောကျေးရွာမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး ၄၂ လုံး၊ ဒရုန်းနဲ့ ဗုံး ၂၁ လုံး၊ လက်နက်ကြီး ၁၇ လုံး ပစ်ကူတိုက်ခိုက်ခဲ့သေးပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၂၃ရက်ကလည်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA၊ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဗုံး ၄၇လုံးနဲ့ လက်နက်ကြီး ၁၂၂ လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိ နောင်ချိုမှာ စစ်ကောင်စီနဲ့TNLAပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဆက်ဖြစ်နေပြီး ၂ဖက်အထိအခိုက်များနေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ အင်အားထောင်ချီအသုံးပြုပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။