မိုင်းအရှိုင်း၊ ဇွန်လ ၁၆ ရက်၊ ကျောက်မဲ

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာမှာ တအာင်းတပ်- TNLA နဲ့ ရှမ်းတပ်- SSPP တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ မနေ့ ဇွန်လ ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး TNLA က မူလအထိုင်စခန်းဖြစ်တဲ့ ဟူးစွန်တောင်ပေါ်ရှိ တပ်စခန်းနေရာဘက် တက်လာချိန် SSPP ဘက်က လက်နက်အသေးစားနဲ့ စတင်ပစ်ခတ်ရာကနေ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို အတည်ပြု ပြောဆိုပါတယ်။

“မနေ့ညနေ ၅ နာရီ စဖြစ်တာ။ SSPP ဘက်က သေနတ်အသေးစားသုံးပြီး စပစ်တာ။ ကျနော်တို့လူ အဲဒါ ပြန်မပစ်သေးဘူး။ လက်နက်အကြီးနဲပါ သူတို့က ပစ်လိုက်တော့ ကျနော်တို့ ပြန်ပစ်လိုက်တယ်။ ကျနော်တို့လူ ၄ ယောက် ထိလို့ ဒဏ်ရာ ပြင်းထန်တယ်”

ပစ်ခတ်မှုက ညနေ ၅ နာရီကနေ ၉ နာရီဝန်းကျင်အထိ ၄ နာရီကြာ ဖြစ်ပွားခဲ့ကာ TNLA ဘက်က ၄ ဦး ထိမှန်ဒဏ်ရာ ရခဲ့ပြီးတော့ SSPP ဘက်ကလည်း ထိခိုက်မှု ရှိတယ်လို့ သူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း TNLA က အဲဒီစခန်းတွေမှာ အထိုင်မချနိုင်တဲ့အချိန် SSPP တပ်က ဝင်ရောက် အထိုင်ချကာ TNLA က စခန်းဘက် ပြန်တက်လာချိန်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“SSPP က ဟူးစွန်စခန်းကုန်းထဲ ဝင်ထိုင်တယ်။ အရင်က အဲဒါ TNLA တပ်စခန်းတွေပါ။ အောက်ဖက်တွေမှာ တိုက်ပွဲဖြစ်တော့ အဲစခန်းမှာ သူတို့ မနေဖြစ်ဘူး။ အခု TNLA အဲနေရာကို ပြန်တက်လာတာ”

လက်ရှိအချိန်ထိ ပစ်ခတ်မှု ဖြစ်ပွားတာနဲ့ပက်သက်ပြီး နှစ်ဖက်တပ်က တရားဝင် ထုတ်ပြန်တာ မရှိသေးဘဲ ရွှေဖီမြေအနေနဲ့လည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

အဲဒီ ဟူးစွန်တပ်စခန်းကုန်းဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS ရဲ့ တပ်စခန်းကုန်းဖြစ်ပြီး RCSS နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ TNLA ဘက်က ထိခိုက်ကျဆုံးမှု များခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။