မိုင်းအရှိုင်း၊ ဇွန်လ ၂၉ ရက်၊ ကျောက်မဲ
တအာင်းတပ် – TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ထဲကို ဒီနေ့ ဇွန်လ ၂၉ရက် နေလည်ခင်း ၂နာရီတုန်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး အခုည ၈နာရီ ၄၀မိနစ်ခန့်မှာလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
“ကျောက်မဲ ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်။ ည ၈ နာရီ ၃၉ မိနစ် တစ်ကြိမ်။ ၈ နာရီ ၄၃ မိနစ်တစ်ကြိမ်။ နေရာအတိအကျမသိရသေးပါဘူး။ အခုဝဲနေလို့ ပုံးနေတာ”
လက်ရှိ သတင်းရေးသားနေတဲ့အချိန်ထိ စစ်ကောင်စီတပ်ရဲ့ ဂျက်လေယဉ်ဝဲနေဆဲဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရသေးပါဘူး။
ကျောက်မဲမြို့ကို ဒီနေ့ ဇွန်လ ၂၉ ရက် နေ့လယ်ပိုင် ၂ နာရီခွဲမှာလည်း စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅ ဦးထက်မနည်း ဒဏ်ရာရှိခဲ့ပြီး နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီဟာ အခု တစ်ပတ်အတွင်း ကျောက်မဲမြို့ကို ၄ကြိမ်ထိ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား ၅ဦးထိ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။