မြန်နိုး၊ ဇူလိုင် ၃၊ မူဆယ်
တရုတ် – မြန်မာ နယ်စပ်ဂိတ် ကျင်စန်းကျော့မှာ ဇူလိုင်လ ၃ ရက်နေ့ကစ ရေကြီးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ညကတည်းက မိုးသည်းနေတာလည်းပါတယ်။ တရုတ်ဘက်က ရေလွှဲဆည် ဖောက်ချလိုက်တာ လို့လည်း ကြားတယ်။ တချို့နေရာ ရင်အုပ်တောင် ကျော်တယ်။ ကားလမ်းတွေလည်း မမြင်ရတော့ဘူး” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
တချို့နေအိမ်နဲ့ ဆိုင်တွေ ရေထဲ နစ်မြုပ်ကုန်ပြီး ကားထားတဲ့ နေရာတွေလည်း ရေတွေ တော်တော် ဝင်ကုန်ပြီလို့ သူက ပြောပါတယ်။
“သွားလာရ ခက်သွားပြီ။ ကားကြီး ဘီးတွေလည်း မြုပ်ကုန်ပြီ။ တော်တော်လေး ရေများနေတယ်။ မိုးကလည်း ရွာနေတုန်း”လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
ရေကြီးနေတာကြောင့် ပစ္စည်း တင်သွင်းတာတွေ၊ သယ်ယူတာတွေ ခါတိုင်းထက် ခက်ခဲကြန့်ကြာနိုင်တယ်လို့ သူက ပြောပါတယ်။
ကျင်းစန်းကျော့ နယ်စပ်ဂိတ်ကိုတော့ လက်ရှိ မြောက်ပိုင်းမဟာမိတ် ညီနောင်တွေ ထိန်းချုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကစ တရုတ်ဘက်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ပေးကာ ကုန်သွယ်နေတာဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။