ဓာတ်ပုံ- Local

မြတ်နိုး၊ ဇွန်လ ၈ ရက်၊ လောက်ကိုင်

ကိုးကန့်တပ်- MNDAA ထိန်းချုပ်နယ်မြေမှာ တရုတ်နိုင်ငံသား ရင်းနှီးမြုပ်နှံသူ များလာပြီး ထိန်းချုပ်နယ်မြေမှာ တရုတ်ငွေ ယွမ် ၅ သိန်း (ကျပ်သိန်း ၅ ထောင်)အထက် ရင်းနှီးမြှုပ်နှံနိုင်သူကို ကိုးကန့်ဒေသခံ အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ပါ လုပ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ကိုးကန့် MNDAA ရဲ့ သိန္နီခရိုင်မှူးကိုယ်တိုင် ရပ်ရွာအစည်းအဝေးတွေမှာ သူတို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း တရုတ်ငွေ ယွမ် ငါးသိန်းနဲ့အထက် ရင်းနှီးမြှုပ်နှံနိုင်သူတွေကို ချင်းရွှေဟော် နယ်စပ်ဂိတ်ကနေ တရုတ်ဘက် အဝင်အထွက် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် လုပ်ပေးမယ်လို့ ပြောတယ်” လို့ ဒေသခံတ‌စ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ သိန္နီမြို့နယ်အတွင်း တရုတ်နိုင်ငံသား လာရောက်နေထိုင်ကာ ရင်းနှီးမြှုပ်နှံမှု များလာနေပြီး ဒေသခံတွေရဲ့ ခြံလွတ်ပါမကျန် မြေငှားနေကြသလို ကြံစိုက်တာ၊ ငါးမွေးတာ၊ ‌တခြားစီးပွားရေးနဲ့ဆိုင်တဲ့ အဆောက်အဦး အများစု ဆောက်လုပ်နေကြတယ်လို့ သူက ပြောပါတယ်။

“ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်တစ်လျှောက်က ဒေသခံတွေကို နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် လုပ်ပေးမယ်ဆိုတာက ၁၀၂၇ စစ်ဆင်ရေး ပြီးကတည်းက တောက်လျှောက် ပြောနေတာ” လို့ နယ်စပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

MNDAA ထုတ်ပေးထားတဲ့ ရှမ်းပြည်နယ် အထူးဒေသ ၁ ‌‌အိမ်‌ထောင်စုနဲ့ ဒေသခံကတ်ပြား ရှိသူတွေ အကန့်အသတ်နဲ့ သတ်မှတ်ဦးရေအတိုင်း နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် တရုတ်ဘက်က နယ်စပ်ဂိတ်မှာ အခမဲ့ သွားလုပ်လို့ရပြီး လက်ရှိ မုံးကိုး နယ်စပ်ဂိတ်ကနေတော့ တရုတ်ဘက်က ထုတ်ပေးတဲ့ စာအုပ်နဲ့ နယ်စပ် အဝင်အထွက် လုပ်နေကြပြီ ဖြစ်ပါတယ်။

ချင်းရွှေဟော်ကနေ တရုတ်ဘက် ဝင်ရောက်မယ့်သူတွေဟာ တရုတ်ဘက်က မိန်းတိန်အထိ သွားလာခွင့် ပြုတယ်လို့ နယ်စပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

MNDAA က သတ်မှတ်ထားတဲ့ အထူးဒေသ ၁ ရဲ့ ဒေသပြင်ပကသူတွေအနေနဲ့ MNDAA တပ်ဖွဲ့အပြင် ၎င်းရဲ့ ဌာနဆိုင်ရာတွေမှာ ၂ နှစ်နဲ့ ၃ နှစ်အထက် တာဝန်ထမ်းဆောင်ခဲ့သူ၊ ယွမ် ၅ သိန်းနဲ့အထက် ပိုင်ဆိုင်မှု၊ အတိုးမဲ့ ဘဏ်အပ်ငွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံသူဟာ အထူးဒေသ ၁ ‌‌အိမ်‌ထောင်စုနဲ့ ဒေသခံကတ်ပြား လျှောက်ယူနိုင်ကြောင်း MNDAA ဘက်က အသိပေးသတင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်ကောင်စီနဲ့ အပစ်အခတ် ရပ်စဲရေးကို MNDAA က သဘောတူညီကြောင်း တရုတ်ဘက်က ကြေညာပြီးနောက် တရုတ်ဘက်က နယ်စပ်ဂိတ်တွေကို ဖွင့်ပေးခဲ့ပြီး နယ်စပ်ရှိ ဒေသခံတွေကို အဝင်အထွက် ခွင့်ပြုထားတာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။