ပို့လဘား၊ ဇွန်လ ၂၄ ရက်၊ ကျောက်မဲ
တအာင်းတပ်တော်-TNLAထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ ဦး အနည်းဆုံး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီမှာ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
“၂ လုံးလာချတာ။ ဗလီနားနဲ့ စံပြထမင်းဆိုင်နားမှာ ကြဲတာ။ လူတွေ အများကြီးထိတယ်။ အဲဆိုင်က လူစည်တဲ့နေရာ”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက် သေဆုံးမှုနဲ့ ပျက်စီးမှု အသေးစိတ်အခြေနေပတ်သက်ပြီး ရွှေဖီမြေက ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်ကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။