ပို့လဘား၊ ဇွန်လ ၂၀ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာရှိတဲ့ လက်သည်းပြင်ဆိုင်တစ်ဆိုင်မှာ သူခိုးက ဖောက်ထွင်းသွားလို့ ဆိုင်ကယ်နဲ့ တခြားပစ္စည်းပါသွားခဲ့တယ်လို့ ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မနေ့နေ့ ဇွန်လ ၁၉ ရက်မှာ လားရှိုးမြို့ ရပ်ကွက် ၁ နယ်မြေ ၈မှာရှိတဲ့ လက်သည်းပြင်ဆိုင်တစ်ဆိုင်ကို သူခိုးဖောက်ခံရတာ ဖြစ်ပါတယ်။
” ည ၁၁ နာရီအချိန်မှာ ခွေးဟောင်လို့ ထကြည့်သေးတယ်။ သတိမထားမိလို့လား မသိဘူး။ သူခိုးတွေက စုံစမ်းထားတာဖြစ်မယ်။ အလှပြင်ဆိုင်ဖြစ်နေတော့ လူတကာဝင်လို့ရတယ်လေ။ ကျမစီးနေကျ ဆိုင်ကယ်ပါသွားတယ်။ ဘက်ထရီအိုးတွေ မိတ်ကပ်ပစ္စည်းတွေလည်းပါသွားတယ်။ ဓာတ်ဆီပုံးလည်းယူသွားတယ်။ ကလေးရဲ့လွယ်အိတ်တောင်မှမချန်ဘူး အကုန်ယူသွားတယ်။ ကြည့်ရသလောက် အဲသူခိုးထဲမှာ မိန်းကလေးလည်းပါမယ်ထင်တာပဲ။ ကျမသုံးတဲ့ အလှကုန်တွေ အကုန်ယူသွားတာဆိုတော့လေ”
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က လားရှိုးမြို့ ရပ်ကွက် ၄မှာ ကတ်ကြေးနဲ့ ခြိမ်းခြောက်ပြီး အမျိုးသမီးတစ်ဦးဆီကနေ ဖုန်းလုခဲ့တဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေ ဝိုင်းဝန်းပြီး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
လားရှိုးမြို့ကို စစ်တပ်ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ မနေ့ ဇွန်လ ၁၉ ရက်အထိ ဓားပြတိုက်မှု၊ လုယက်မှု၊ ခိုးမှု ၂၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပေမဲ့ စစ်တပ်ကတော့ သူခိုးဓားပြလုယက်သူတွေကို လိုက်လံဖမ်းဆီးတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။