ဓာတ်ပုံ – SSPP Info

လွေးလာဝ်ဇာရ်၊ ဇွန်လ ၁၁ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့ မန်မိုင်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သိန်း ၂၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီ‌မြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်မှာ မူဆယ်ကနေ ပန်ဆိုင်း(ကြူကုတ်)ဘက်ကို သွားတဲ့ အဲဒီအမျိုးသားကို ‌SSPP တပ်က သီပေါဘက်ကို လိုက်ပို့ခိုင်းပြီး ပြန်မလွတ်ပေးတော့ဘဲ ငွေ သိန်း ၃၀၀ နဲ့ ပြန်ရွေးခိုင်း‌ခဲ့‌ပေမဲ့ မိသားစုတွေက ပြန်လည်တောင်းပန်ခဲ့တာကြောင့် သိန်း ၂၀ နဲ့သာ ပြန်ရွေးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက “အစကသိန်း ၃၀၀ နဲ့ ပြန်ရွေးခိုင်းတာ။ မိသားစုဝင်တွေက ညှိရင်းညှိရင်း သိန်း ၂၀ လွှဲပေးပြီးတော့မှ ပြန်လွှတ်ပေးတာ။ အဓိက သူတို့ပိုက်ဆံ လိုချင်လို့ဘဲလေ။ သူ့ကိုလိမ်ပြီး ခေါ်သွားတာ။ စစဖမ်းထားတုန်းက လက်နက်ကိုင်အဖွဲ့မှန်း သိတယ်။ ဘယ်အဖွဲ့လည်းဆိုတာ သူမပြောရဲဘူး။ သူဖုန်းနဲ့ သူတို့အိမ်ကို ပိုက်ဆံလှန်း‌တောင်းခိုင်းတာတော့ သိရတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အဲဒီအမျိုးသားဟာ အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ဦးရန်ချောက်ဒိန်းဖြစ်ပြီး သူ့ကိုတော့ ဇွန်လ ၉ ရက်မှာ SSPP တပ်ထံ သိန်း ၂၀ ပေးပြီး ပြန်ရွေးခဲ့ရတာလို့ အထပ်ပါ အမျိုးသားက ဆက်ပြောပါတယ်။

“သူက မူဆယ်ကနေ ပန်ဆိုင်းဘက်ကိုသွားတာ။ အဲကြားမှာဘဲ SSPP တို့နဲ့ သွားတွေ့တာ။ သူတို့ကို သီပေါဘက် လိုက်ပို့ခိုင်းတာ။ စစ်သားဆိုတော့ မပို့ရအောင်လည်း မဟုတ်။ သီပေါရောက်တော့ ကားရော၊ လူရော သူတို့က ပြန်မလွတ်ပေးတော့ဘူး။ မနေ့ကမှ သိန်း ၂၀ ပေးပြီးမှ ပြန်လွှတ်ပေးတာ” လို့ ပြောပါတယ်။

အဲဒီအမျိုးသား ဖမ်းဆီးခံထားရစဥ်မှာ ရိုက်နှက်ခံရတာ ရှိမရှိကိုတော့ ရွှေဖီမြေအနေနဲ့တော့ မသိရပါဘူး။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ထပ်မံသိရှိရဖို့ကို ရှမ်းတပ် SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ရွှေဖီမြေက ဖုန်းနဲ့ စာပို့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။