ဓာတ်ပုံ- မူဆယ်မြို့ထဲက လိုင်းကြေး မပေးတဲ့ ကျားဖြန်ရုံကို စစ်ကောင်စီတပ် လိုက်လံ စီးနင်းစဉ်

မိုင်းရူပ၊ ဇွန်လ ၂၂ ရက်၊ မူဆယ်

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ရှိ ကျားဖြန်ရုံတစ်ခုမှ တရုတ်အမျိုးသားတစ်ဦး ပစ်သတ်ခံရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာ မူဆယ်မြို့ရှိ ကျားဖြန်တွေကို စစ်တပ်ဘက်က လိုက်လံ စီးနင်းခဲ့ရာ မင်္ဂလာမူဆယ်ရှိ ကျားဖြန်ရုံတစ်ခုမှ တရုတ်အမျိုးသားတစ်ဦး ထွက်ပြေးဖို့ ကြိုးစားနေစဉ် ပစ်သတ်ခံရတာပဲ ဖြစ်ပါတယ်။

“စစ်ကောင်စီတပ်က ကျားဖြန်ရုံတွေ လိုက်စီးနင်းနေတဲ့အချိန်မှာ အဲတရုတ်က ပြေးဖို့ကြိုးစားတာ။ ကျားဖြန်ရုံတွေမှာ လုံခြုံရေးတွေ ထား ထားတယ်လေ။ အဲတရုတ်က ကျားဖြန်ရုံကနေ တံခါးပေါက်အကြီးပေါ်က ခုန်ဖို့ လုပ်တဲ့အချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာ” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ မူဆယ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီးနောက် အဲဒီအမျိုးသားကို ပစ်သတ်ခဲ့တဲ့ ကျားဖြန်လုံခြုံရေးဝန်ထမ်းကို စစ်တပ်ဘက်က ဖမ်းဆီးထားတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာ မူဆယ်မြို့ စွမ်စော်နဲ့ ကောင်းမူတုံရပ်ကွက်ရှိ ကျားဖြန်ရုံကို စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၄၁ ဦးနဲ့ မြန်မာနိုင်ငံသား ၉၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မူဆယ်မြို့ရှိ ကျားဖြန်ရုံတွေမှာ ရောင်းစားခံရတဲ့ တရုတ်နိုင်ငံသား အများစု ရှိနေပြီး ငွေမလိမ်နိုင်တဲ့သူတွေဟာ ရိုက်နှက်နှိပ်စက်ခံနေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဆယ်မြို့မှာ စစ်တပ်က ကျားဖြန်ရုံတွေ လိုက်လံ စီးနင်းပြီးနောက် ကျားဖြန်ရုံတွေ နေရာပြောင်းရွှေ့နေပြီး တချို့ကျားဖြန်ရုံ ပိတ်ထားတယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ၅ သောင်းနီးပါးလည်း ပါဝင်လုပ်ကိုင်နေကြတယ်လို့ မူဆယ်မြို့မရဲစခန်းရှိ ရဲဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။