ယာရူစိင်၊ ဇွန်လ ၃၀ ရက်၊ နမ္မတူ
တအာင်းတပ်ထိန်းချုပ်ဒေသဖြစ်တဲ့ နမ္မတူမြို့နဲ့ မန်တုံမြို့အကြားမှာ ကားတိမ်မှောက်မှုဖြစ်ပွါးကာ ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ၎င်းတို့ကို ကူညီပေးခဲ့တဲ့ ကိုဖြူက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်က နမ္မတူမြို့နဲ့ မန်တုံမြို့အကြားမှာ အမျိုးသား ၂ ဦးက ဘရိတ်နဲ့ လီဗာ မှားနင်းမိတာကြောင့် ကားတိမ်းမှောက်မှုဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။
“နမ္မတူနဲ့ဆိုရင် ၁ မိုင် ၂ ဖာလုံလောက် ဝေးတယ်ပေါ့။ တစ်ယောက်က ခေါင်းထိတယ်။ ခြေထောက်မှာလည်း ထိတယ်။ နောက်တစ်ယောက်က လက်လည်း ထိတယ်။ ပြီးတော့ အတွင်းဒဏ်ရာလည်း ရှိတော့လေ။ ခေါင်းထိတဲ့ တစ်ယောက်ကတော့ သေသွားတယ်”
သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ်ရှိသာရှိပြီး ဦးခေါင်းမှာ ထိမှန်ထားတာကြောင့် ဆေးကုသဖို့အတွက် နမ့်ခမ်း ဆေးရုံကို သွားနေချိန်မှာပဲ မနေ့ ဇွန်လ ၂၉ ရက် ည ၁၁ နာရီဝန်းကျင်အချိန်မှာ သေဆုံးသွားခဲ့ပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားကတော့ ဆေးကုသမှုခံယူနေကြောင်း သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။