ရွှေဖီမြေ၊ ဇူလိုင် ၂ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း ရှမ်းမြောက် ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသက ကလေး ၄ ဦး အပါအဝင် အရပ်သား ၅၁ ဦး သေဆုံးခဲ့ပြီး ၉၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီကနေ ဇွန်လ အထိ ၆ လအတွင်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ နမ္မတူ၊ မန်တုံ၊ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ အကြိမ် ၅၀ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၄ ဦး၊ အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၂၂ ဦး သေဆုံးခဲ့ပြီး ကလေး ၂ ဦး၊ အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၂၄ ဦးနဲ့ ကျား၊ မ မသိရသူ ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အမျိုးသား ၁ ဦး၊ အမျိုး ၁၂ ဦး၊ ဖေဖော်ဝါရီလမှာ ကလေး ၄ ဦး၊ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး၊ မတ်လမှာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၃ ဦး၊ ဧပြီလမှာ အမျိုးသား ၁ ဦး၊ မေလမှာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ဇွန်လမှာ အမျိုးသား ၁ ဦး၊ အမျိုး ၄ ဦး စုစုပေါင်း ကလေး ၄ ဦး၊ အမျိုးသား ၂၅ ဦးနဲ အမျိုးသမီး ၂၂ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အမျိုးသမီး ၃ ဦး၊ ဖေဖော်ဝါရီလမှာ ကလေး ၂ ဦး၊ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂ ဦး၊ ကျား၊ မ မသိရသူ ၁၃ ဦး၊ မတ်လမှာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦး၊ ဧပြီလမှာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ မေလမှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ဇွန်လမှာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ကလေး ၂ ဦး၊ အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၂၄ ဦးနဲ့ ကျား၊ မ မသိရသူ ၁၃ ဦး ဒဏ်ရာရခဲ့ကြပါတယ်။
ဒီအချက်အလက်တွေဟာ ရွှေဖီမြေက လက်လှမ်းမှီသလောက် ကောက်ယူရရှိထားတဲ့ စာရင်းတွေသာဖြစ်ပြီး စာရင်းတွေဟာ ဒိထက်တိုးနိုင်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။