ဓာတ်ပုံ – SPM

သတင်းဓာတ်ပုံ

ဖေဖော်ဝါရီ ၈ ရက်၊ ရွှေဖီမြေ

တအာင်းပြည် ပညာရေးကောင်စီ- TLEC ဖွင့်လှစ်ထားတဲ့ နမ္မတူမြို့နယ်ထဲက စာသင်ကျောင်းတွေမှာ ပြုလုပ်ခဲ့တဲ့ ပညာရေးစုံညီပွဲတော်နဲ့ KG ကျောင်းဆင်းပွဲ မြင်ကွင်းပဲ ဖြစ်ပါတယ်။

စုံညီပွဲတော်ကို ၂၀၂၅ ဇန်နဝါရီ လဆန်းပိုင်းက စတင်ကျင်းပခဲ့ပြီး မြို့နယ်တချို့မှာတော့ ဒီနေ့အထိ ဆက်လက် ကျင်းပနေကြဆဲ ဖြစ်ပါတယ်။

နမ္မတူမြို့နယ်မှာတော့ စုံညီပွဲတော်ကို ရေအိုး၊ မန်လီ၊ ပန်သပြေ(တောင်)၊ မန်ကျန်း၊ လုပ်လေ၊ မန်ဆာ၊ ကုန်းပေါင်း၊ မန်စော၊ နားဆိုင်း၊ ပန်လုံ၊ မန်စံ၊ ညောင်ဆွယ်ရွာနဲ့ အထက(၂)မှာ ပြုလုပ်ခဲ့ပါတယ်။

နမ္မတူမြို့နယ်အပြင် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နဲ့ မိုင်းလုံမြို့မှာလည်း စုံညီပွဲတော် ကျင်းပခဲ့ကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

တပ်ဖွဲ့ဝင်သစ် ရာနဲ့ချီကို DPLA အခြေခံစစ်သင်တန်းပေးနေ

တအာင်းတပ်မတော်-TNLA နဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA/DPLF ရဲ့ စစ်သင်တန်းပေးနေတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

သင်္ကြန်ကာလ ရွှေဖီလက်ဖက်ရာသီချိန်

တအာင်းဒေသ နမ့်ဆန်မြို့နယ်မှာတော့ ရွှေဖီဦး လက်ဖက်ကို စတင် ခူးဆွတ်နေကြပြီ ဖြစ်ပါတယ်။

ကျောင်းဆရာဘဝကနေ စစ်သင်တန်း မတက်ရဘဲ ရှေ့တန်း ထွက်ရပြီး ကျဆုံးခဲ့တဲ့ ကျောင်းဆရာ မိုင်းအိုက်လေးရဲ့ နာရေး

ကျောင်းဆရာဘဝကနေ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ တပ်သား စုဆောင်းတာ ခံရပြီး စစ်သင်တန်း မတက်ရဘဲ ရှေ့တန်း ထွက်ခဲ့ရကာ ကျဆုံးသွားတဲ့ ကျောင်းဆရာ မိုင်းအိုက်လေးရဲ့ နာရေးမြင်ကွင်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။