ရွှေဖီမြေ၊ စက်တင်ဘာ ၃ ရက်၊ အောင်ပန်း
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ် အေးမြင့်သာယာရပ်ကွက်မှာ အစ်မဖြစ်သူကို မောင်လေးဖြစ်သူက ရိုက်နှက်ရာကနေ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ၎င်းတို့နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်က ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မောင်လေးဖြစ်သူက အရက်မူးပြီး အစ်မဖြစ်သူကို သံတုတ်နဲ့ ရိုက်နှက်ကာ အိမ်ကနေ ထွက်သွားခဲ့ပါတယ်ေ
ထွက်သွားပြီးနောက် ဩဂုတ် ၃၁ ရက်မှာ နေအိမ်ကို ထပ်မံပြန်လာပြီး အစ်မဖြစ်သူရဲ့ရင်ဘတ်ကို ခြေထောက်နဲ့ နင်းခဲ့တာကြောင့် အစ်မဖြစ်သူ သေဆုံးခဲ့ပါတယ်။
ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက “သူ့မောင်က အရက်သောက်ပြီး မူးလာရင် သွေးဆိုးတယ်တဲ့။ အိမ်ပြန်လာတော့ စကားများကြတယ်။ သူ့အစ်မကို သံနဲ့ရိုက်တာ မျက်နှာတွေ ညိုမဲနေတာပဲ။ ရိုက်ပြီးမှ ပြန်ထွက်သွားတယ်။ နောက်တစ်နေ့ ပြန်လာတော့ ခြေထောက်နဲ့ နင်းလိုက်တာ။ နံရိုး ကျိုးတာလား ဘာလားမသိဘူး ချက်ချင်းသေးသွားတာ” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၄၇ နှစ်အရွယ်ရှိ ဒေါ်ချိုချိုမြင့် (ခ) ချိုဝင်း ဆိုသူဖြစ်ပြီး လေဖြန်းထားသူတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
ရိုက်သတ်သွားတဲ့ မောင်လေးဖြစ်သူကတော့ အသက် ၃၁ နှစ်အရွယ် ထွန်းထွန်းဦး (ခ) ဖိုးလင်းကိုတော့ အောင်ပန်းမြို့ ရဲတပ်ဖွဲ့က လူသတ်မှုနဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။