ဓာတ်ပုံ – Local

လွေးထွေး၊ ဇန်နဝါရီ ၁၀ ရက်၊ ပြင်ဦးလွင်

‎မန္တလေးတိုင်း ပြင်ဦးလွင်မြိုမှာ သက်ဆိုင်ရာက ခွင့်ပြုချက်မရဘဲ တရားမဝင် မြေကွက်ရောင်းဝယ်ဖောက်ကားသူတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်လို ပြင်ဦးလွင် ခရိုင်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

‎ပြင်ဦးလွင်မှာ ၂၀၂၅ ခုနှစ်အတွင်း မြိုတွင်းမြေယာအပြင် ကျေးရွာပိုင်းက မြေကွက်တွေကို သက်ဆိုင်ရာခွင့်ပြုချက်မရဘဲ တရားမဝင် အကွက်ရိုက် စာချုပ်အတုတွေလုပ်ပြီး ရောင်းချနေတာကြောင့် အခုနှစ် ၂၀၂၆ ခုနှစ်မှာ ၎င်းဖြစ်စဉ်မျိုး ထပ်မဖြစ်ရအောင် ရည်ရွယ်ကြောင်းဆိုပါတယ်။

‎မြိုခံအမျိုးသားက “သူတိုပြောတဲ့တရားမဝင်မြေကွက်ဆိုတာကို ခံနေရတာက ပြည်သူတွေပါ။ ရိုးသားကြိုးစား စုထားကြတဲ့ ငွေလေးနဲ့ မြေကွက်တွေဝယ် အိမ်တွေဆောက်ပြီးမှ ဖျက်စီးနေကြတယ်” လို ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ပြင်ဦးလွင်ရှိ နေရာတချိုက မြေကွက်နဲ့ အိမ်တွေကို ဈေးသက်သက်သာသာနဲ့ စစ်တပ်နဲ့နီးစပ်သူတွေကသာ အဆင့်ဆင့် လူထုတွေစီကို ရောင်းချခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၎င်းနေရာတွေကို တရားမဝင် ကျူးကျော်နယ်မြေဆိုပြီး ဖျက်ဆီးအရေးယူနေတာ ဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နဲ့ ဇန်နဝါရီလကလည်း ပြင်ဦးလွင် ကုန်းဘောနဲ့ မဟာအောင်မြေရပ်ကွက်၊ ရေချမ်းအိုး စတဲ့နေရာက လမ်းဘေးမီးတိုင်အပါအဝင် နေအိမ်နဲ့ အုတ်တံတိုင်းတွေကိုလည်း နိုင်ငံတော် စီမံကိန်းထဲပါတယ်ဆိုပြီး စစ်ကောင်စီအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာတွေက မြေတူးစက်နဲ့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။