မိုးထက်၊ ဖေဖော်ဝါရီ ၂၆ ရက်၊ နောင်ချို

စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ အမျိုးသမီးတစ်ဦးက အမျိုးသားနှစ်ဦးရဲ့ ဓားပြတိုက် လုယက်တာ ခံခဲ့ရတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ နောင်ချိုမြို့ ဘူတာရပ်ကွက်အနီးမှာ ဆိုင်ကယ် စီးလာတဲ့ အမျိုးသားနှစ်ဦးက အမျိုးသမီးတစ်ဦးကို ‌ဓားပြတိုက်ခဲ့တာဖြစ်ပြီး ၁ ကျပ်သားရှိတဲ့ ရွှေဆွဲကြိုး ပါသွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“110 ဆိုင်ကယ် အစုတ်လေးနဲ့ လူနှစ်ယောက် စီးလာတယ်။ ဆွဲကြိုးကို လုသွားတယ်။ ရှေ့ကတစ်ယောက် ဘာမှမတပ်ထားဘူး။ အနောက်မှာစီးတဲ့တစ်ယောက်ပဲ မတ်‌စ်တွေ တပ်ထားတယ်။ ဦးထုပ်တွေ ဆောင်းထားတယ်။ သူ့မျက်နှာကို အကုန်အုပ်ထားတယ်။ မီးသတ်ရုံးနားက လမ်းမကြီး‌ပေါ်မှာပဲ လုခံရတာ။ လူတွေလည်း အများကြီးပဲ ရပ်ကြည့်နေကြတာ။ လာကူညီတာတွေလည်း မရှိဘူး။ ဘာမှမလုပ်ပေးနိုင်ဘူး”

နောင်ချိုမြို့ကို စစ်တပ် ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု မကြာခဏ ‌ဖြစ်ပွားနေပေမဲ့ ဘယ်အမှုကိုမှ ထိထိရောက်ရောက် အရေးယူနိုင်တာ မရှိဘူးလို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

“သက်ဆိုင်ရာတွေဆီ ပြောရင်လည်း သူတို့က အေးအေးဆေးဆေးပဲ လုပ်နေကြတာ။ ဖုန်းလုခံရ၊ ပိုက်ဆံအိတ် လုခံရတာတွေက ခဏခဏ ဖြစ်နေတယ်။ သူတို့ ဘာမှမလုပ်ပေးကြဘူး။ အုပ်ချုပ်မှု မကောင်းရင် မြို့လယ်ခေါင်မှာ လူသတ်တဲ့အထိ ဆိုးလာလိမ့်မယ်”

စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက် ရှိနေတဲ့ နောင်ချိုမြို့အပြင် တန့်ယန်း၊ လားရှိုး၊ မူဆယ်မြို့မှာလည်း အခုလို ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ထိရောက်တဲ့ အရေးယူမှု လုပ်ဆောင်ပေးနိုင်တာ မရှိဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာတင် လားရှိုး ရပ်ကွက် ၅ ရှိ ကုန်စုံဆိုင်တစ်ခုမှာ အရပ်ဝတ်နဲ့ အမျိုးသား ၃ ဦးက ဆိုင်ထဲ ဝင်လာပြီး ဆိုင်ထဲက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။